DVB Logo
Home
မြန်မာသတင်း
ပဇီကြီး စစ်ရှောင်များအတွက် PDF အဖွဲ့က အလှူငွေ သွားရောက်ထောက်ပံ့
DVB
·
April 23, 2023
ပဇီကြီး စစ်ရှောင်များအတွက် PDF အဖွဲ့က အလှူငွေ သွားရောက်ထောက်ပံ့
Donate to DVB

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ ပဇီကြီးကျေးရွာက ကျန်ရစ်သူ မိသားစုဝင်တွေအတွက် အရေးပေါ်လိုအပ်နေတဲ့ ကုသရေးနဲ့ စစ်ရှောင်နေထိုင်ရေးအတွက် Myanmar Defense Force -MDF တပ်ရင်းကန့်ဘလူအခြေစိုက်  MDF-ကန့်ဘလူစွန်ရဲတပ်ဖွဲ့က ကျပ်သိန်း ၈၀ ပထမအကြိမ်  သွားရောက် ထောက်ပံ့ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Myanmar Defense Force -MDF တာဝန်ရှိသူတဦးက "အပြစ်မဲ့ပြည်သူတွေများစွာ ကျဆုံးသွားတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်။ ဒါ့ကြောင့် တော်လှန်ရေးအင်အားစုအတွက် လှူဒါန်းထားတဲ့ ရန်ပုံငွေ တချို့တစ်ဝက်နဲ့ ပြည်တွင်းပြည်ပက ပေးပို့လာတဲ့ အလှူရှင်တွေကိုယ်စား ပေါင်းပြီးသွားလှူဒါန်းခဲ့တာပါ”လို့ ဆိုပါတယ်။ 

ဆက်လက်ပြီး Myanmar Defense Force အနေနဲ့ ပဇီကြီးနယ် စစ်ရှောင်ပြည်သူတွေ လိုအပ်နေတဲ့ သောက်သုံးရေ ရရှိရေး၊ စားဝတ်နေထိုင်ရေတို့အတွက် ထောက်ပံ့ကူညီပေးသွားဖို့ ရှိတာကြောင့် ပါဝင်ထောက်ပံ့နိုင်တယ်လို့ ပြောထားပါတယ်။

ဧပြီ ၁၁ ရက်က ပဇီကြီးကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ စစ်ရဟတ်ယာဉ်တွေသုံးပြီး ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုသမီးနဲ့ ကလေးတွေ အပါဝင် အရပ်သားပြည်သူ ၁၇၀ နီးပါးသေဆုံးခဲ့တာပါ။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013