DVB Logo
Home
Lead Story
ရေး-သံဖြူဇရပ်ကားလမ်းရှိ စစ်ကောင်စီရဲကင်းမှ ရဲတပ်ဖွဲ့ဝင် ၂ ဦး ပစ်သတ်ခံရ
DVB
·
September 9, 2022
ရေး-သံဖြူဇရပ်ကားလမ်းရှိ စစ်ကောင်စီရဲကင်းမှ ရဲတပ်ဖွဲ့ဝင် ၂ ဦး ပစ်သတ်ခံရ
Donate to DVB

မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ် ကားလမ်းရှိ ဝဲကလိနဲ့ သံဖြူဇရပ်ကြားက ကတုံစိရဲကင်းမှာ စက်တင်ဘာ ၉ ရက် မနက် ၂ နာရီလောက်က ရဲနှစ်ယောက် ပစ်သတ်ခံထားရတယ်လို့ ဒေသဆိုင်ရာ PDF သတင်းအရင်းမြစ်တွေက သိရပါတယ်။

အဆိုပါရဲကင်းဟာ ရေး-သံဖြူဇရပ်ကားလမ်းမှာ သွားလာနေတဲ့ယာဉ်တွေကို စစ်ဆေးပြီး ငွေတောင်းတာတွေ လုပ်နေတာကြောင့် အခုလို သုတ်သင်ရှင်းလင်းလိုက်တာလို့ ဆိုပါတယ်။

ဒေသခံပြည်သူတယောက်က “ဟုတ်တယ်၊ အေဒီရဲကင်းဂိတ်က မသင်္ကာရင် ကား၊ ဆိုင်ကယ်ပေါ်ကလူတွေ လက်နက်ခဲယမ်း ပါ မပါ စစ်ဆေးတာ ခံရလေ့ရှိခဲ့တာကြောင့် အခုလို အသတ်ခံရတာဖြစ်မယ်” လို့ ပြောပါတယ်။

အဆိုပါ ရဲတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဘက်က ထုတ်ဖော်ပြောဆိုတာ မရှိသေးသလို ဒေသဆိုင်ရာ PDF တွေကလည်း အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး သတင်းမထုတ်ပြန်သေးပါဘူး။

ရေး-သံဖြူဇရပ် ကားလမ်းမှာတော့ စစ်ကောင်စီယာဉ် ကားတန်းတွေ မကြာခဏ ခြုံခိုတိုက်ခိုက်ခံရလေ့ရှိပြီး စစ်ကောင်စီတပ်ဘက်က အထိအခိုက် အကျအဆုံး ရှိနေပါတယ်။

စက်တင်ဘာ ၈ ရက် ည ၁၂ နာရီကျော်လောက်ကလည်း ရေးမြို့နယ် အောင်မင်္ဂလာ လူမှုကူညီရေး ပရဟိတ လူနာတင်ကား ၁ စီး မော်လမြိုင်မြို့ကနေ လူနာပို့ပြီး အပြန် သံဖြူဇရပ်၊ ပိန္နဲတောရွာအနီးမှာ မိုင်းဆွဲခံရပြီး သေနတ်ပါ ပစ်ခတ်ခံရတာကြောင့် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013