DVB Logo
Home
မြန်မာသတင်း
ရေး-သံဖြူဇရပ် ကားလမ်းပေါ်တွင် အသတ်ခံထားရသည့် အမျိုးသား ၃ ဦးအလောင်း တွေ့ရှိ
DVB
·
May 14, 2026
Photo : MOI
Photo : MOI
Donate to DVB

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ရေး-သံဖြူဇရပ်ကားလမ်းမှာ မေလ ၁၄ ရက် မနက် ၈ နာရီခွဲက သတ်ဖြတ်ခံထားရတဲ့ အမျိုးသား ၃ ယောက် အလောင်းကို တွေ့ရှိတာကြောင့် စစ်အာဏာရှင်တပ်နဲ့ရဲတွေက စစ်ဆေးနေတယ်လို့ မြို့ခံတွေက သိရပါတယ်။

ဒီကနေ့ မနက် ၈ နာရီခွဲက ရေး-သံဖြူဇရပ်ကားလမ်း စမ်းကြီးကျေးရွာအပိုင် မရှိခဏဘုရားနဲ့ ဦးခွေး+ဒေါ်ယိမ်းကျေးရွာကြားရှိ ရော်ဘာခြံတခြံရှေ့မှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားအလောင်း ၃ လောင်း တွေခဲ့တာလို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

“စမ်းကြီးရွာခံတယောက်က မရှိခဏဘုရားနားမှာ လက်ပြန်ကြိုးတွေတုပ်ပြီး အသတ်ခံရတဲ့ လူ ၃ ယောက်အလောင်းတွေ့လို့ အုပ်ချုပ်ရေးကို အကြောင်းကြားတာ၊ အုပ်ချုပ်ရေးကတဆင့် ရဲနဲ့စစ်တပ်ကို အကြောင်းကြားလိုက်တာ။” 

သေဆုံးသူ ၃ ယောက်မှာ သံဖြူဇရပ်မြို့နယ် အောင်ချမ်းသာရပ်ကွက် ဘူတာအနီးရှိ မွန်အေးရိပ်တည်းခိုခန်းမှာ တည်းခိုနေထိုင်သူတွေဖြစ်ပြီး သေနတ်နဲ့ပစ်သတ်ခံရတာလို့ သံဖြူဇရပ်ရဲစခန်းနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“တည်းခိုခန်းက သူတို့တွေက ပဲခူတိုင်းကနေ သံဖြူဇရပ်မှာ ရေနံချေးလာသုတ်တာလို့ ပြောတယ်။ သေတဲ့ ၃ ယောက်စလုံးရဲ့ အသက်က ၂၆ နဲ့ ၂၇ ကြားလူငယ်တွေ။ ၃ ယောက်စလုံး စစ်သားဆံပင်ပုံစံ ကေတွေနဲ့ဆိုတော့ ပြောရခက်တယ်။ မနေ့ကညက တည်းခိုးခန်းကထွက်သွားပြီး ပြန်မလာဘဲ ဒီကနေ့ မနက်မှာ သေနတ်နဲ့ပစ်သတ်ထားတဲ့ အလောင်းကို လာပစ်သွားတာ။” 

သေဆုံးဆုံး ၃ ယောက်မှာ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ရွှေအင်ဒုံကျေးရွာမှာ နေထိုင်တဲ့ ကိုဌေးအောင်၊ ပြွန်တန်ဆာမြို့နယ် မြို့မ ၂ ရပ်ကွက် ကျောင်းစုရပ်နေ ကိုအောင်ပြည်စုံ နဲ့ ကိုရဲထက်အောင်တို့ ဖြစ်တယ်လို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

လတ်တလောမှာ သံဖြူဇရပ်မြို့နယ် ရေး-သံဖြူဇရပ်ကားလမ်းတလျှောက်ကို စစ်တပ်နဲ့ရဲတွေက စစ်ဆေးနေပြီး အောင်ချမ်းသာရပ်ကွက် နဲ့ စမ်းကြီးကျေးရွာနေသူတွေကိုလည်း မေးမြန်းတာတွေရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013