DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးချုပ်‌နှောင်ခံရသူအားလုံးလွတ်မြောက်ရေး လုပ်ဆောင်မည်ဟု NUG နှင့် NLD ကြေညာ
DVB
·
December 31, 2022
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးချုပ်‌နှောင်ခံရသူအားလုံးလွတ်မြောက်ရေး လုပ်ဆောင်မည်ဟု  NUG နှင့် NLD ကြေညာ
Donate to DVB

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် မတရားဖမ်းဆီးချုပ်‌နှောင်၊ မတရားအမှုဆင် ပြစ်ဒဏ်ချမှတ်ခံရသူတွေအားလုံး လွတ်မြောက်ရေးနဲ့ တရားမျှတမှုရရှိရေး ဆောင်ရွက်သွားမယ်လို့  အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတို့ ဒီဇင်ဘာ ၃၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

နိုင်ငံတော်သမ္မတနဲ့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို စစ်ကောင်စီရဲ့ နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးက မနေ့က  ထောင်ဒဏ် ၇ နှစ်စီ ထပ်မံချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ထုတ်ပြန်လိုက်တာပါ။ 

နိုင်ငံတော်ပုန်ကန်မှုကိုကျူးလွန်ထားတဲ့ တရားမဝင်အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မနက်က  မတရားဖမ်းဆီးကာ အမှုဆင် ပုဒ်မတွေတပ်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်မှာ တရားဥပဒေကို လေးစားလိုက်နာမှုမရှိတဲ့ တရားသူကြီးတွေက အပြီးသတ် ထောင်ဒဏ်တွေ ချမှတ်ခဲ့တာလို့ NLD ပါတီက ပြောပါတယ်။

စစ်ကောင်စီဟာ ဥပဒေတွေချိုးဖောက်ပြီး နိုင်ငံ့အာဏာကိုလုယူလိုက်ပြီးချိန်ကစလို့ သူတို့အာဏာတည်မြဲရေးကို ဆန့်ကျင်တဲ့ အမှန်တရားလိုလားသူ ပြည်သူ အပေါင်းတို့ကို နည်းမျိုးစုံနဲ့ မတရားဖမ်းဆီးချုပ်နှောင် ၊ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်၊ အသက် ၊အိုးအိမ်၊ စည်းစိမ် ဖျက်ဆီး၊ သိမ်းပိုက်မှုတွေဆက်တိုက်ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မတရားဖမ်းဆီးထိမ်းသိမ်းခံထားရသူအားလုံး အမြန်ဆုံးလွတ်မြောက်နိုင်ရေး၊ တရားမျှတမှုများဖေါ်ထုတ်နိုင်ရေး၊ စစ်အာဏာရှင်စနစ်အမြစ်ဖြတ် ချေမှုန်းရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးတို့ကို တော်လှန်ရေးအင်အားစုအသီးသီးနဲ့ အတူ လက်တွဲပူးပေါင်း ထူထောင်သွားမယ်လို့ ပါတီဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ထားပါတယ်။

 နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေ အပါအဝင် အပြစ်မဲ့တိုင်းရင်းသားပြည်သူတွေအပေါ် ချမှတ်ထားတဲ့ စစ်ကောင်စီ တရားရုံးအသီးသီးရဲ့ အမိန့်တွေဟာ မူလကပင် ပျက်ပြယ်ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်ပုန်ကန်မှုနဲ့ ပြည်သူလူထုအပေါ် ပြစ်မှုပေါင်းများစွာကို ကျူးလွန်ထားတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ အပေါင်းအပါတွေကသာ အပြစ်ရှိသူတွေဖြစ်လို့  ပြည်သူ့တရားစီရင်မှုကို မလွဲမသွေခံယူရမယ့်သူတွေဖြစ်တယ်လို့ အလားတူ အမျိုးသားညီညွတ်ရေးအစိုးရကလည်း ကြေညာပါတယ်။

မတရားဖမ်းဆီးချုပ်နှောင်ခံရသူတွေ မတရားအမှုဆင် ပြစ်ဒဏ်ချမှတ်ခံရသူတွေ၊ မတရား ညှဉ်းပမ်း နှိပ်စက်၊ သတ်ဖြတ်ခံသူတွေ၊ အိုးအိမ်စည်းစိမ် ဖျက်ဆီးခံရသူတွေအားလုံးအတွက် တရားမျှတမှုကို ပြန်လည်ရရှိနိုင်စေရေးနဲ့ ပြစ်ဒဏ်ခံရထိုက်သူတွေ ပြစ်ဒဏ်ခံရခြင်းဘေးက ကင်းလွတ်နေတဲ့ အလေ့အထ(Impunity) ကို အဆုံးသတ်နိုင်ရေး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NUG အစိုးရက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့ ထောင်ဒဏ်စုစုပေါင်းဟာ အလုပ်ကြမ်း ၃ နှစ် အပါအ၀င်ထောင်ဒဏ်  ၃၃ နှစ်ရှိပြီး    နိုင်ငံတော် သမ္မတဦးဝင်းမြင့်ကို ချမှတ်ထားတဲ့ ထောင်ဒဏ်ကတော့ စုစုပေါင်း   ၁၂ နှစ် ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013