DVB Logo
Home
မြန်မာသတင်း
မြို့သစ်တိုက်ပွဲတွင် စရဖအရာရှိ အပါအဝင် ပျူစောထီး ၇ ဦး သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
DVB
·
December 31, 2022
မြို့သစ်တိုက်ပွဲတွင် စရဖအရာရှိ အပါအဝင် ပျူစောထီး ၇ ဦး သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
Donate to DVB

စစ်ကိုင်းတိုင်း တမူးခရိုင်အထက်ပိုင်း မြို့သစ်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်ကောင်စီလက်အောက်ခံ ပျုစောထီးတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စရဖအရာရှိ အပါအဝင် ပျူစောထီး ၇ ယောက် သေဆုံးခဲ့တယ်လို့ တမူးပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁ က ပြောပါတယ်။ 

ဒီဇင်ဘာ ၂၈ ရက် မနက် ၉ နာရီလောက် တမူး PDF တပ်ရင်း ၁၊ KNA (Burma) နဲ့ KCNDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ မြို့သစ်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ် စစ်ကောင်စီလက်အောက်ခံ SNA နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ မောင်းနှင်လိုက်ပါလာတဲ့ ကား ၁ စီး နဲ့ ထိပ်တိုက်တွေ့ဆုံကာ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စ.ရ.ဖ အရာရှိ မောင်ဇော်(ခ)မုတ်ဆိတ်၊ SNA တပ်သားစုဆောင်းရေးနဲ့ ဘဏ္ဍာရေးတာဝန်ခံ ဝင်းအောင်၊ SNA ဗိုလ် သက်စိုးနိုင်(ခ)သိန်းစိုးနိုင်၊ ပျူစောထီးခေါင်းဆောင် ငြိမ်းမောင်မောင်၊ ကျော်ထူး၊ မျိုးသူနဲ့ ပျူစောထီးအဖွဲ့ဝင် ၁ ဦးတို့ သေဆုံးခဲ့တယ်လို့ တမူး - PDF တပ်ရင်း ၁ က ပြောပါတယ်။ 

ဒါ့အပြင် ၄၀ မမ လက်နက်ကြီး ၁ လက်၊ ၄၀ မမ ဗုံးသီး ၁၄ လုံး၊ M4-16 ၁ လက်၊ AK-47 ၁ လက်၊ M-92  ၁ လက်၊ 81 ၁ လက်၊ 9mm ပစ္စတို ၁ လက်၊ 380 ပစ္စတို ၁ လက်၊ ကျည်အိမ် ၆ ခု၊ 7.62 mm ကျည် ၉၆ တောင့်၊ 9 mm ကျည် ၄ တောင့်၊ 380 ကျည် ၄ တောင့်နဲ့ ဆက်သွယ်ရေးစကားပြောစက် ၁ လုံးတို့ကို သိမ်းဆည်းရမိတယ်လို့ တမူး -PDF တပ်ရင်း ၁  တာဝန်ရှိသူက ပြောပါတယ်။ 

"နယ်မြေရှင်းလင်းရေး လုပ်နေတဲ့အချိန် ထိတွေ့တိုက်ပွဲဖြစ်တာပါ။ နှစ်ဖက် ပစ်ခတ်မှုဖြစ်ပြီး စ.ရ.ဖ အရာရှိအပါအဝင် စုစုပေါင်း ၇ ဦး ကားပေါ်မှာပဲ သေသွားတာ။ သူတို့ အလောင်းတွေကို အဲဒီနားမှာပဲ ထားခဲ့လိုက်တာဆိုတော့ သူတို့လူတွေကပဲ လာကောက်ပြီး သင်္ဂြိုဟ်သွားကြတယ်။"

အဆိုပါ တိုက်ပွဲမှာ ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ထိခိုက်မှု မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ နောင်မှာလည်း မဟာမိတ်တွေ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ တမူး - PDF တပ်ရင်း ၁ က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013