DVB Logo
Home
မြန်မာသတင်း
ဒူးပလာယာခရိုင်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ခန့် သေဆုံး
DVB
·
December 31, 2022
ဒူးပလာယာခရိုင်တိုက်ပွဲများတွင်  စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ခန့် သေဆုံး
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နယ်မြေ၊  ဒူးပလာယာခရိုင်၊ တပ်မဟာ အမှတ် (၆) ဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ နယ်မြေခံ KNLA/ KNDO ပူးပေါင်းတပ်တွေအကြား  တပတ်အတွင်း ထိတွေ့ပစ်ခတ်မှု ၁၁ ကြိမ်လောက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅၆ ယောက်ထက် မနည်းသေဆုံးကာ  အယောက် ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒူပလာယာခရိုင်က ဒီကနေ့ ထုတ်ပြန်တယ်။

ဒီဇင်ဘာ ၂၄ ရက်မှ ဒီဇင်ဘာ ၂၈ ရက်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ရော လေကြောင်းကပစ်ခတ်ခဲ့လို့ ရွာသစ်ကုန်း၊ ပဲဒလဲ၊ ကော့နွှဲ့ကျေးရွာ အပါအဝင် ရွှေကြက်မင်းဘုန်းကြီးကျောင်းပါမကျန် လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့သလို ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူခဲ့ကာ သံဃာ ၃ ပါး နဲ့  လူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် ကား၊ ဆိုင်ကယ်တွေနဲ့ ကျေးရွာချင်းဆက်တံတားပါ ပျက်စီးခဲ့ပြီး အိမ်မွေးတိရစ္ဆာန်တွေပါ ထိခိုက်သေဆုံးတာတွေလည်းရှိတယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကော့ကရိတ်မြို့နယ်နားက ကျေးရွာတွေဘက်မှာလည်း ဒီဇင်ဘာ ၃၁ ရက် မနက်က စတင်ပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီးတော့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက် ၇ နာရီ ၄၀ မိနစ်လောက်ကစလို့ တိုက်ပွဲစတင်ခဲ့ပြီး အခုချိန်ထိ လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိကာ နှစ်ဖက်စလုံးရဲ့ ထိခိုက်အခြေနေတော့ မသိရသေးပေမဲ့ စစ်ဘေးလွတ်ရာကို ရှောင်နေတာလည်း ၁၀၀၀ ကျော်ပြီး ဒီထက်မက များလာနိုင်တယ်လို့ ဒေသခံ သတင်းအရင်း မြစ်တွေက ပြောပါတယ်။

လက်ရှိတိုက်ပွဲဖြစ်နေတာနဲ့ ပတ်သက်ပြီးတော့ မြေပြင်ရဲ့ အခြေနေတွေကို အသေးစိတ် မသိရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013