DVB Logo
Home
မြန်မာသတင်း
မိုးဗြဲ PDFက "ကယန်းအလှ ပန်းချီကား"ကို ကံစမ်းမဲဖြင့် ရောင်းချရန်ပုံငွေရှာ
DVB
·
December 31, 2022
မိုးဗြဲ PDFက  "ကယန်းအလှ ပန်းချီကား"ကို ကံစမ်းမဲဖြင့် ရောင်းချရန်ပုံငွေရှာ
Donate to DVB

တော်လှန်ရေး ရန်ပုံငွေအဖြစ် "ကယန်းအလှ" အမည်ရှိ ကြေးကွင်းစွပ် ရိုးရာယဉ်ကျေးမှု အလှတရားနဲ့ တင့်တယ်နေတဲ့ ကယန်းအမေအိုပုံ ပန်းချီကားကို  မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်က ကံစမ်းမဲ မဲလက်မှတ်တွေပြုလုပ် ရောင်းချပေးနေပါတယ်။ 

ဒီပန်းချီကားကို ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ အခြေစိုက် မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်၊ ကျွဲချိုတပ်ခွဲမှာ တာဝန်ထမ်းဆောင်နေတဲ့ တက္ကသိုလ်ကျောင်းသား ကယန်း လူငယ် ရဲဘော် ကိုယ်တိုင်ရေးဆွဲကာ မဲလက်မှတ် တစောင်ကို မြန်မာကျပ်ငွေ ၁၀၀၀၀ နှုန်းနဲ့ ဒီဇင်ဘာ ၂၉ ရက်မှာ စတင်ရောင်းချခဲ့တာလို့ သိရပါတယ်။ 

မဲလက်မှတ်တွေကို မိုးဗြဲပြည့်သူ့ကာကွယ်ရေးတပ်၊ ကျွဲချိုတပ်ခွဲမှာ ဆက်သွယ်ဝယ်ယူနိုင်ပြီး ဇန်နဝါရီ ၆ ရက်တွင် မဲဖောက်ပေးသွားမယ်လို့ ကျွဲတပ်ခွဲက ဆိုပါတယ်။ 

ပန်းချီကားကိုရေးဆွဲခဲ့တဲ့ ရဲဘော်က "ကယန်းလူမျိုးတွေလည်း တော်လှန်ရေးမှာ ပါဝင်နေကြ တယ်ဆိုတာ သိစေချင်တာကြောင့်ပါ။ ပန်းချီကားဆွဲနေရင်း တိုက်ပွဲတွေဖြစ်လာလို့ နားထားရတာ လည်း ရှိတယ်။ အခက်အခဲတွေတော့ အများကြီးပါပဲ အဓိကတော့ ရာသီဥတုဒဏ်နဲ့ ဆေးပစ္စည်းတွေ မပြည့်စုံတာပေါ့ “လို့ ဆိုပါတယ်။

ရဲဘော်က ပန်းချီကားကံထူးရှင်ထံကို ကိုယ်တိုင်ဆက်သွယ်ပေးအပ်မှာဖြစ်ပြီး ကယန်းရိုးရာ ယဉ်ကျေးမှုတွေကို အသေးစိတ်ပြောပြသွားမှာဖြစ်သလို ကံစမ်းမဲမှ ရရှိလာတဲ့ ငွေကြေးတွေ ကိုလည်း မိုးဗြဲ -PDF ကျွဲချို တပ်ခွဲမှ ပြုလုပ်နေတဲ့ " RPG ကျွဲချို အာဏာရှင်လဲပြို " သိန်း ၈၀၀ ကမ်ပိန်းမှာ အပြည့်အဝ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

ကြီးကျယ်ခမ်းနားတဲ့ ပန်းချီးကားမဟုတ်ပေမဲ့ တော်လှန်ရေးသမား ကယန်းတိုင်းရင်းသား ကိုယ်တိုင်ဆွဲထားတာလည်းဖြစ်၊ ‌တော်လှန်ရေးမှာ အားကြိုးမာန်တက်ချီတက်နေတဲ့ ကယန်းဒေသ ရဲ့ ယဉ်ကျေးမှုပြယုဂ်လည်းဖြစ်တဲ့ "ကယန်းအလှ "ပန်းချီကား အတွက် ကံစမ်းမဲလက်မှတ်တွေကို လာရောက်ဝယ်ယူအားပေးကြဖို့ မိုးဗြဲပြည့်သူ့ကာကွယ်ရေးတပ်၊ ကျွဲချိုထောက်ပို့က  တိုက်တွန်း ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013