DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီ ပါတီဝင် ၆ ဦးကို ပုသိမ်ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၁၅ နှစ်စီချမှတ်
DVB
·
December 31, 2022
အန်အယ်လ်ဒီ ပါတီဝင် ၆ ဦးကို  ပုသိမ်ထောင်တွင်းတရားရုံးက ထောင်ဒဏ်  ၁၅ နှစ်စီချမှတ်
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင် ၆ ဦးကို စစ်ကောင်စီလက်အောက်ခံ ပုသိမ်ထောင်တွင်းတရားရုံးက ထောင်ဒဏ်  ၁၅ နှစ်စီချမှတ် လိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာလက စစ်ကောင်စီခန့် ရပ်ကျေး  အုပ်ချုပ်ရေးမှူးတယောက် အသတ်ခံရနောက် ကြောင်ပန်းကုန်းရွာနဲ့ အနီးတဝိုက်က အန်အယ်လ်ဒီ ပါတီဝင် ၆ ဦးကို  စစ်ကောင်စီတပ်နဲ့ ရဲတွေက သံသယနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့  ဒီဇင်ဘာ ၂၉ ရက်မှာ ထောင်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ပုသိမ်အကျဉ်းထောင်နဲ့ နီးစပ်သူ တစ်ဦးက "ရပ်ကျေး အုပ်ချုပ်ရေးမှူး အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကြောင်ပန်းကုန်းရွာနဲ့ အနီးတဝိုက်က အန်အယ်လ်ဒီပါတီဝင် ၆ ဦး ကို လွန်ခဲ့တဲ့ တနှစ်ကျော်ကတည်းကဖမ်းထားတာ။ ဒီဇင်ဘာ ၂၉ ရက်နေ့မှ အမိန့်ချလိုက်တာ။ တစ်ဦးကို ၁၅ နှစ် စီ ထောင်တွင်းတရားရုံးမှာပဲ အမိန့်ချလိုက်တယ်" လို့ ပြောပါတယ်။

ဖမ်းဆီးထောင်ချခံရတဲ့ အန်အယ်လ်ဒီပါတီဝင် ၆ ဦးကတော့   ဦးသန်းဝင်း၊ ဦးဖိုးဝ၊ ဦးမြဝေ၊ ဦးခင်ဝင်း၊ ဦးတင်ဝင်းလေးနဲ့ ဦးတင်လင်းအောင်တို့ဖြစ်ကြပြီး ဖမ်းဆီးခံရပြီးကတည်းက အခုအချိန်အထိ မိသားစုနဲ့ တွေ့ခွင့်မရသေးပါဘူး။

မိသားစုဝင်တွေနဲ့ နီးစပ်သူ တစ်ဦးက  “ရဲနဲ့ စစ်တပ်က အုပ်ချုပ်ရေးမှူးအသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စစ်မေးစရာရှိတယ်ဆိုပြီး အိမ်ကနေလာခေါ်သွားတာ။ တစ်နှစ်ကျော်ပြီ သူတို့ မိသားစုဝင်တွေနဲ့ တစ်ခါမှလည်း တွေ့ခွင့်မရဘူး။ အခုမှ ထောင်ဒဏ် ၁၅ နှစ် ချ လိုက်တယ် ဆိုတာ သိရတယ် "လို့  ပြောပါတယ်။

ပုသိမ်မှာ  အန်အယ်လ်ဒီ ပါတီဝင်တွေနဲ့ စစ်အာဏာရှင် ဆန့်ကျင်သူတွေကို စစ်ကောင်စီတပ်က မတရား ဖမ်းဆီးတာကာ  ပုဒ်မ မျိုးစုံနဲ့  ထောင်ဒဏ်နှစ်ရှည်တွေ ချမှတ်နေတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်ကလည်း ပုသိမ်မြို့က   မြစ်ဝကျွန်းပေါ် တော်လှန်တပ်ဦး ပင်မ သပိတ်ခေါင်းဆောင် ကဗျာဆရာ လူဖန်ခါး(ခ)ကိုထက်လင်းစိုးကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ  ၅၀၅ အမှု အပါအဝင် ပုဒ်မ မျိုးစုံတပ်ကာ စစ်ကောင်စီက ထောင်ဒဏ် ၂၈နှစ်ကျော် ချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013