DVB Logo
Home
မြန်မာသတင်း
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင် မဆုရည်လင်း ထောင်ဒဏ် ၂ နှစ် ထပ်ချခံရ
DVB
·
December 31, 2022
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင် မဆုရည်လင်း ထောင်ဒဏ် ၂ နှစ် ထပ်ချခံရ
Donate to DVB

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းကို အင်းစိန်ထောင်တွင်း တရားရုံးက  ရာဇသတ်ကြီး  ဥပဒေ ပုဒ်မ ၄၂၀ ၊ ပုဒ်မ ၄၆၈ တို့နဲ့ တရားစွဲပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့က ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်လိုက်ပါတယ်။

မဆုရည်လင်းဟာ ဖမ်းဆီးခံရပြီး ရက်ပေါင်း ၁၀၂ ရက်ကြာပြီးတဲ့နောက်မှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီးတဲ့နောက် အခုလို ရာဇသတ်ကြီး ပုဒ်မတွေနဲ့ ထောင်ဒဏ် ထပ်မံချမှတ်ခဲ့တာလည်း ဖြစ်တယ်လို့ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသားသမဂ္ဂရုံးက ထုတ်ပြန်ပါတယ်။

ဒါကြောင့် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်းကို စစ်ကောင်စီက ချမှတ်ထားတဲ့  စုစုပေါင်း ထောင်ဒဏ် ၅ နှစ် ရှိသွားပြီဖြစ်ပါတယ်။

မဆုရည်လင်းကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့က ကျင်းပခဲ့တဲ့ သပိတ်တိုက်ပွဲအသွားလမ်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကနေ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကျောင်းသား ကျောင်းသူ ၁၆ ဦးအထိ ရှိနေပြီလို့ သမဂ္ဂအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013