DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်၌ ၂၀၂၂ ခုနှစ်အတွင်း ယာဥ်မတော်တဆမှုကြောင့် ၁၂၁ ဦးသေဆုံး၊ ၂၈၃ ဦး ဒဏ်ရာရ
DVB
·
December 29, 2022
ရခိုင်ပြည်နယ်၌ ၂၀၂၂ ခုနှစ်အတွင်း ယာဥ်မတော်တဆမှုကြောင့် ၁၂၁ ဦးသေဆုံး၊ ၂၈၃ ဦး ဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်မှာ ၂၀၂၂ ခုနှစ်အတွင်း ယာဥ်မတော်တဆမှုကြောင့် ပြည်သူ ၁၂၁ ဦး သေဆုံးခဲ့ပြီး ၂၈၃ ဦး ဒဏ်ရာရရှိခဲ့​တဲ့အတွက် ပြည်သူတွေ ယာဥ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာကြဖို့ ပြည်နယ်ယာဥ်ထိန်းတပ်ဖွဲ့က စစ်တွေမြို့ပေါ်မှာ လော်စပီကာနဲ့ လိုက်လံအသိပေး ကြေညာနေတယ်လို့ ပြည်နယ်ယာဥ်ထိန်းတပ်ဖွဲ့က ပြောပါတယ်။

ယာဥ်ထိန်းတပ်ဖွဲ့အရာရှိတဦးက “၂၀၂၂ ခုနှစ်မှာ ရခိုင်တပြည်နယ်လုံး ယာဥ်မတော်တဆမှုကြောင့် သေဆုံးသူ ၁၂၁ ဦး ရှိခဲ့တယ်။ ဒဏ်ရာရသူ ၂၈၃ ဦးအထိ ရှိခဲ့တယ်။ ဒါကြောင့် ယာဥ်စည်းကမ်း လမ်းစည်းကမ်းတွေကို အလေးထား လိုက်နာကြဖို့ အခုလို နေ့စဥ်ကြော်ငြာပေးနေရတာ” လို့ ပြောပါတယ်။

အခုလို အသိပေးကြော်ငြာတာတွေ ပြုလုပ်နေပေမဲ့ ပြည်သူတွေ စည်းကမ်းလိုက်နာမှု အားနည်းနေသလို စစ်တွေမြို့ရှိ မီးပွိုင့်အများစုမှာလည်း လျှပ်စစ်မီးပြတ်နေပါက အလုပ်မလုပ်ဖြစ်နေပြီး တချို့လမ်းဆုံလမ်းခွတွေမှာ မီးပွိုင့်မတပ်ထားတဲ့အတွက် ပြည်သူတွေ သွားလာရ အခက်တွေ့နေကြရတယ်လို့ စစ်တွေမြို့ခံတဦးက ပြောပါတယ်။

“ယာဥ်မောင်းသူတွေ စည်းကမ်းလိုက်နာကြဖို့ လိုသလို အစိုးရဘက်ကလည်း လမ်းဆုံလမ်းတွေတိုင်းမှာ မီးပွိုင့်တွေ တပ်ဆင်ပေးဖို့လိုအပ်တယ်။ စစ်တွေက မီးပွိုင့်အများစုက လျှပ်စစ်မီးပြတ်တာနဲ့ အလုပ်မလုပ်ကြတော့ဘူး။ မီးပွိုင့်တွေကလည်း တကယ့်ရှိသင့်တဲ့ လမ်းဆုံလမ်းခွတွေမှာ မရှိဖြစ်နေတယ်။ ယာဥ်ထိန်းရဲတောင် အလုံအလောက်မရှိဘူး။”

စစ်တွေမြို့မှာ လက်ရှိ လျှပ်စစ်မီးမကြာခဏပြတ်တောက်နေပြီး မီးပွိုင့်တွေက အချက်ပြမီးတွေလည်း အလုပ်မလုပ်တာကြောင့် မော်တော်ယာဉ်မောင်းနှင်သူတွေ၊ ဆိုင်ကယ်မောင်းနှင်သူတွေအပြင် လမ်းဖြတ်ကူးသူတွေအနေနဲ့ ယာဉ်မတော်တဆမှုဖြစ်မှာကို စိုးရိမ်နေကြရပါတယ်။

စစ်တွေမြို့တခုလုံးမှာ မီးပွိုင့်ခုနှစ်ခုသာရှိပြီး ပျက်စီးနေတဲ့ မီးပွိုင့်တွေရှိသလို အများစုမှာ လျှပ်စစ်မီးပြတ်တောက်ပါက အလုပ်မလုပ်တော့တာကြောင့် ပြည်သူတွေ အခက်တွေ့နေ ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013