DVB Logo
Home
မြန်မာသတင်း
KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြမ်းဖက်မှုဖြင့် အမှုဖွင့်
DVB
·
December 29, 2022
KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြမ်းဖက်မှုဖြင့် အမှုဖွင့်
Donate to DVB

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက မြစ်ကြီးနားမြို့မရဲစခန်းမှာ မတရားအသင်းဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ စတဲ့ ပုဒ်မနှစ်ခုနဲ့ အမှုဖွင့်ခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မြစ်ကြီးနားမြို့မရဲစခန်းကို ဒီဇင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ် ရောက်လာပြီး KBC ဥက္ကဋ္ဌဟောင်းကို မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (က) နဲ့ အမှုဖွင့်ပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ပါ ထပ်မံအမှုဖွင့်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။

“သူ့ကို လိုင်ဇာမှာလုပ်တဲ့ KIO အစည်းအဝေးတက်ခဲ့လို့ ပုဒ်မ ၁၇(က) နဲ့ အမှုဖွင့်တာ။ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကတော့ KIO နဲ့ PDF တွေကို အားပေးတယ်၊ ထောက်ခံတယ်ပေါ့၊ အာ့ကြောင့် အမှုဖွင့်တာ။”

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မြစ်ကြီးနားရဲစခန်းက (ပ) ၂၀၀/၂၀၂၂ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(က) အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူထားတာ မှန်တယ်လို့ အမည်မဖော်လိုသူ ရဲအရာရှိတဦးက ပြောပါတယ်။

“မနေ့ကပဲ ပုဒ်မ ၁၇(က) ရယ် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကတော့ ဘယ်ပုဒ်မနဲ့ ဖွင့်မလဲတော့ မသိဘူး။ မြစ်ကြီးနားရဲစခန်းမှာတော့ မရှိဘူး။ သူ့ကို ဘယ်မှာဖမ်းချုပ်ထားလဲမသိဘူး။”

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ဒီဇင်ဘာ ၅ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆေးစစ်ဖို့သွားချိန် မန္တလေး တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူ့ကိုအမြန်ဆုံး ချက်ချင်းပြန်လွှတ်ပေးဖို့ American Baptist Churches USA, World Kachin Congress, ကချင်ရိုးရာယဉ်ကျေးမှုနှင့် စာပေအဖွဲ့ချုပ်နဲ့ တခြားအဖွဲ့အစည်းတွေကလည်း ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013