DVB Logo
Home
မြန်မာသတင်း
“ရရာနဲ့ဆော် အညာရဲဘော်” ကမ်ပိန်းလက်မှတ်တစောင် ကျပ် ၅၀၀၀ ဖြင့် အားလုံးပါဝင်နိုင်
DVB
·
December 29, 2022
“ရရာနဲ့ဆော် အညာရဲဘော်” ကမ်ပိန်းလက်မှတ်တစောင် ကျပ် ၅၀၀၀ ဖြင့် အားလုံးပါဝင်နိုင်
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ တတပ်တအားပါဝင်နေကြတဲ့ အညာဒေသက ရဲဘော်တွေအတွက် “ရရာနဲ့ဆော် အညာရဲဘော်” ကမ်ပိန်းလက်မှတ်တစောင်ကို ငွေကျပ် ၅၀၀၀ နဲ့ ပါဝင်နိုင်ဖို့ ဖိတ်ခေါ်နေပါတယ်။

“တော်လှန်မိဘပြည်သူတို့ခင်ဗျာ။ ကျွန်တော်ထောက်ပို့မှ အကြမ်းဖက်စစ်ကောင်စီကို ရင်ဆိုင်တိုက် ခိုက်ရာတွင် လက်လုပ်တူမီး ရရာလက်နက်နဲ့စွဲကိုင်တိုက်ခိုက်နေရတဲ့ တိုင်းတစ်တိုင်းဖြစ်ပါတယ်ဗျ။ သို့ဖြစ်၍ အညာဒေသအဖွဲ့များသို့ လှူဒါန်းရန်အတွက် ကံစမ်းမဲလေးရောင်းချပါရစေဗျာ။ ကံစမ်းမဲ အရေအတွက် ၁၅၀၀ ခန့်ရောင်းချပြီး တစ်စောင်ရင် ၅၀၀၀ ကျပ်ပါခင်ဗျ မိဘပြည်သူတို့အနေဖြင့် လာရောက်လှုဒါန်းပါ၀င် ကူညီပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျ။”

ဒီကမ်ပိန်းကိုတော့ မုံရွာခရိုင်ထဲက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ Monywa People's Force-MPF Support Team က ဦးဆောင်တာဖြစ်ပြီး ကံစမ်းမဲကာလ ၅ ရက်အတွင်း မဲလက်မှတ်စောင်ရေ ၁၅၀၀ သာရောင်းချသွားမယ်လို့ ဆိုပါတယ်။

ဆုတွေအနေနဲ့ ပထမဆု ရွှေနားကပ်တရံ၊ ဒုတိယဆု Nikon D3100 ကင်မရာ တလုံးနဲ့ တတိယဆု EGM Sneaker ဖိနပ်တရံ ပေးအပ်သွားမှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၃၁ ရက်အထိ မဲလက်မှတ်ဝယ်ယူရင်း ပါဝင်ထောက်ပံ့ကူညီနိုင်မှာ ဖြစ်ပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကတည်းက ခုချိန်ထိတိုင်အောင် ဥပဒေမဲ့ နိုင်ငံတဝန်း ပစ်သတ်သတ်ဖြတ်မှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေကို ကျူးလွန်နေတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ခွဲကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက  နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ၁ နှစ်တာကာလအတွင်း ခန့်မှန်းခြေစာရင်းအရ PDF တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁,၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက်စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013