DVB Logo
Home
Lead Story
ချင်းမိုင်မြို့က အရောင်အသွေးစုံတဲ့ ပန်းပွဲတော် ခရစ္စမတ်ည (ဓာတ်ပုံ)
DVB
·
December 26, 2022
ချင်းမိုင်မြို့က အရောင်အသွေးစုံတဲ့ ပန်းပွဲတော် ခရစ္စမတ်ည (ဓာတ်ပုံ)
1 / 7
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့က နာမည်ကျော် ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၆ ရက်ကနေ ဇန်နဝါရီ ၂၃ ရက်အထိ မြို့တော်ခန်းမအနီး ပန်းခြံမှာ ကျင်းပနေပါတယ်။

ပန်းခြံအတွင်း ဇုန် ၆ ဇုန် ခွဲထားပြီး၊  ဇုန် ၁ မှာ အပူပိုင်းမိုးသစ်တော အလှပန်းမျိုးစုံ၊ ဇုန် ၂ မှာ ဆောင်းရာသီပန်းတွေ၊ ဇုန် ၃ မှာ အပူပိုင်းဒေသပန်းတွေ၊ ဇုန် ၄ မှာ အရောင်အသွေးစုံပန်းတွေ၊ ဇုန် ၅ မှာ ခရမ်းရောင် လာဗင်ဒါပန်းခင်းနဲ့ ဇုန် ၆ မှာတော့ ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး ဂီတရေပန်းရှိုးနဲ့ ပန်းခင်းအလှတွေကို ခံစားရမှာ ဖြစ်ပါတယ်။

ပန်းမျိုးစုံ ပြသထားတဲ့ ချင်းမိုင်ပန်းပွဲတော်ကို ဒီကနေ့ ခရစ္စမတ်ညမှာ လာရောက် လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည်တွေ အများအပြား ရှိနေပါတယ်။

ပန်းပွဲတော်ဝင်ကြေး အခမဲ့ဖြစ်ပြီး မနက် ၈ နာရီကနေ ည ၁၀ နာရီ အချိန်ထိ ဖွင့်လှစ်ပေးထားပါတယ်။ အရောင်အသွေးစုံတဲ့ ချင်းမိုင်း ပန်းပွဲတော်ကို ၁၉၇၇ ခုနှစ်ကနေ စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Photo-ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013