
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပန်းပဲတန်းရပ်ကွက်ရှိ ခရိုင်စိုက်ပျိုးရေးရုံးမှာ ဒီဇင်ဘာ ၂၃ ရက်က နေ့လယ် ၂ နာရီကျော်လောက်က ဗုံးနဲ့နဲ့ တိုက်ခိုက်ခံရလို့ ဝန်ထမ်းတွေအပါအဝင် ၉ ယောက် ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
လက်ပစ်ဗုံးဟာ စိုက်ပျိုးရေးရုံးအတွင်း ကျရောက်ပေါက်ကွဲခဲ့လို့ စစ်ကောင်စီ ဝန်ထမ်း ၇ ယောက်နဲ့ ကလေးငယ် အပါအဝင် ရုံးကို လာလည်တဲ့ ဝန်ထမ်းမိသားစု နှစ်ယောက်လည်း ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်
ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေကတော့ ဒုဦးစီးမှူး ဦးသီဟန်ဦး၊ ဒုဦးစီးမှူး ဒေါ်ဖြူဖြူဝင်း၊ ဒုဦးစီးမှူး ဒေါ်နွဲနွဲအေး၊ အငယ်တန်းစာရေး ဒေါ်သီသီလှိုင်၊ လက်ထောက် ဦးစီးမှူးဒေါ်ဆွေဆွေအောင်၊ ဒုလက်ထောက်ဦးစီးမှူး ဒေါ်ဝင်းမြတ်သူ၊ လက်ထောက်ဦးစီးမှူး ဒေါ်လှလှရီတို့ ၇ ယောက်အပြင် ရုံးကို အလည်လာတဲ့ အမျိုးသမီးတစ်ဦးနဲ့ သူနဲ့ပါလာတဲ့ ၁၁ လအရွယ် ကလေးငယ်တစ်ဦးတို့လည်း ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
စစ်ကိုင်းခရိုင် စိုက်ပျိုးရေးရုံကို ဗုံးနဲ့ တိုက်ခိုက်မှုကို Royal Phoenix Guerilla Force အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။