DVB Logo
Home
မြန်မာသတင်း
ကမ္မမြို့ ရဲစခန်းနှင့် ရေစကြို ပခန်းကြီးရဲစခန်း စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ
DVB
·
December 21, 2022
ကမ္မမြို့ ရဲစခန်းနှင့် ရေစကြို ပခန်းကြီးရဲစခန်း စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ ရဲစခန်းကို ဒီဇင်ဘာ ၂၁ ရက် ဒီနေ့မနက် ၈ နာရီလောက်က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေသိရပါတယ်။ 

တိုက်ခိုက်မှုအတွင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပေမဲ့ အခြေအနေ မစိုးရိမ်ရဘူးလို့ တာဝန်ရှိသူ ကိုအတီးက ပြောပါတယ်။

“ကျနော်တို့ ရဲစခန်းအရှေ့ကို သွားပစ်ခဲ့တာပါ။ ကြာချိန်ကတော့ နှစ်မိနစ်လောက်ပဲ၊ ရဲစခန်းရှေ့က ရဲနှစ်ယောက်ကတော့ နေရာတင်လဲသွားတာ မျက်မြင်တွေ့ခဲ့ရပါတယ်။”

ကမ္မမြို့ရဲစခန်းက ဒေသခံပြည်သူတွေကို ဖိနှိပ်ဆက်ကြေးကောက်တာတွေ လုပ်ဆောင်တယ်လို့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် တခြားရဲ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးရဲစခန်း စစ်ဆေးရေးဂိတ်ကိုလည်း ဒီဇင်ဘာ ၁၉ ရက် ညနေ ၃ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ အီနာဂါဗုံးသီးဖြုတ်ချပြီး တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ မြိုင် ပ.က.ဖ က ပြောပါတယ်။

မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက “အဲဒီတိုက်ခိုက်မှုကို သခင်မြအဖွဲ့၊ PKU-Ranger တပ်ဖွဲ့တို့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်(...)တွေဘက်က ဂျန်ဘာ (ဆက်သွယ်မှုလိုင်းဖြတ်စက်) ဖွင့်ထားတယ်။ ကျနော်တို့ဘက်က အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်။”

ပခုက္ကူမြို့နယ်မှာလည်း ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ မြိုင် ပ.က.ဖ အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူတချို့ ရှိတယ်လို့ သိရပါတယ်။

ဒီတိုက်ပွဲနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013