
မန်ချက်စတာယူနိုက်တက် နည်းပြ မိုက်ကယ်ကားရစ်ဟာ ရာသီအစမှာ ရလဒ်တွေ ဆိုးရွားနေတာ ကြောင့် သူ့အနာဂတ်အပေါ် ဝေဖန်နေကြတာကို တုံ့ပြန်လိုက်ပါတယ်။
ကားရစ်ကတော့ အိုးထရက်ဖို့ဒ်မှာ သူ့နေရာအတွက် မေးခွန်းထုတ်နေကြတာဟာ တကယ်ကို ရယ်စရာ ကောင်းတယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောဆိုခဲ့တာပါ။
မန်ယူအသင်းမှာ နည်းပြတာဝန်ယူထားရတာဟာ သူ့အတွက် အသင့်တော်ဆုံး အလုပ်တခု ဖြစ်နေဆဲ လို့လည်း ကားရစ်က အခိုင်အမာ ဆိုပါတယ်။
ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရပေမဲ့ အသင်းမှာ ဆက်လက်ရှိနေမှာဖြစ်ပြီး သူ့အနာဂတ်နဲ့ပတ်သက်လို့ ယုံကြည်မှုအပြည့်ရှိကြောင်း တုံ့ပြန်သွားခဲ့ပါတယ်။
Photo: Reuters











