DVB Logo
Home
မြန်မာသတင်း
၅ ရက်အတွင်း တန့်ဆည်မြို့နယ်က ရွာ ၈ ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
DVB
·
December 17, 2022
၅ ရက်အတွင်း တန့်ဆည်မြို့နယ်က ရွာ ၈ ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေက ၅ ရက်အတွင်း ပြည်သူတွေနေထိုင်တဲ့ ရွာ ၈ ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တပ်မ (၃၃) လက်အောက်ခံ ခမရ ၃၆၁ နဲ့ ခမရ ၃၆၉ တပ်တို့ ဦးဆောင်ပြီး ကန့်ဘလူနဲ့ တန့်ဆည်က ပျူစောထီးတွေလည်းပါတဲ့ စစ်ကြောင်းဟာ တန့်ဆည်မြို့နယ်မြောက်ပိုင်းကို ဝင်ရောက်ပြီး နေ့တိုင်းလိုလို လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေခဲ့တာကြောင့် အခုအခါ တန့်ဆည်မြောက်ပိုင်းမှာ ကျေးရွာ ၅ ရွာလောက်ပဲ မီးရှို့မခံရဘဲ ကျန်တော့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ပေချောင်ရွာက နေအိမ် ၄၃ လုံးအပါအဝင် အဆောက်အဦး ၉၀ကျော် မီးရှို့ဖျက်ဆီးခံရပြီး ဒီဇင်ဘာ ၁၃ ရက်နေ့မှာတော့ ထန်းကုန်းကြီးရွာက နေအိမ် ၇၀ ကျော် မီးရှို့ခံရလို့ အဲဒီရွာမှာ အိမ် ၆ လုံးပဲ ကျန်တော့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၅ ရက်နေ့ကလည်း တန့်ဆည်မြောက်ပိုင်း ကျေးရွာတွေဖြစ်တဲ့ မူးကျင်းစုကျေးရွာ၊ သာဂရကျေးရွာ၊ သာဂလကျေးရွာ၊ ထန်းပင်ကုန်းကျေးရွာတို့ကို မီးဆက်ရှို့ခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့ နေ့လယ်ပိုင်းမှာတော့ အဲဒီအကြမ်းဖက်စစ်ကြောင်းဟာ အက်ကြီးရွာကို မီးရှို့ခဲ့ပြီး ညနေ ၆ နာရီလောက်မှာ ရွာရှည် (မ)ကျေးရွာကို မီးရှို့ခဲ့ပါတယ်။ ရွာရှည်ရွာဟာ ဒါနဲ့ဆို ၃ ကြိမ်မြောက်မီးရှို့ခံရတာဖြစ်ပြီး ဒေသခံတွေဟာ စစ်ကောင်စီရန်ကြောင့် ထွက်ပြေးနေကြရလို့ အိမ်ခြေဘယ်လောက်ပျက်စီးတယ်ဆိုတာတော့ မသိရသေးပါဘူး။

တန့်ဆည်နဲ့ ကန့်ဘလူနယ်စပ် စိန်နားရွာမကျေးရွာမှာ ပျူစောထီးသင်တန်းဖွင့်ထားတာကြောင့် အဲဒီသင်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နှောင့်ယှက်လို့မရအောင် သင်တန်းအနီးဝန်းကျင်မှာရှိနေတဲ့ တန့်ဆည် - ကျွန်းလှ - ကန့်ဘလူမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်အထိ တန့်ဆည်မြို့နယ်မှာ နေအိမ်ပေါင်း ၂၆၄၀ လုံး၊ သာသနိကအဆောက်အဦ ၉ လုံး၊ ကျေးရွာစာကြည့်တိုက် တခု၊ ကျေးရွာဆေးပေးခန်း တခုတို့ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေရဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013