အန်းဖီးလ်ကွင်းမှာ အောက်တိုဘာ ၁၁ ရက်ညက ယှဉ်ပြိုင်ခဲ့တဲ့ လီဗာပူးနဲ့ မန်စီးတီးတို့ပွဲမှာ လီဗာပူးပရိသတ်တွေက မန်စီးတီးအသင်းကို ပစ်မှတ်ထားပြီး ကြိုတင်ပြင်ဆင်မှုတွေနဲ့ ပြင်းထန်စွာ ဆန္ဒပြခဲ့ကြပါတယ်။
ပရိသတ်တွေဟာ မန်စီးတီးအသင်းကို လိမ်လည်သူတွေလို့ ရေးသားထားတဲ့ အလံတွေကို ကိုင်ဆောင်ပြီး ကွင်းအတွင်းမှာ ပြသခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုတွေဟာ ပွဲမစခင်ကတည်းက သေချာစီမံ ပြင်ဆင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့ပြင် မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာနဲ့ ကစားသမားတွေကို အကျဉ်းသားတွေအဖြစ် သရုပ်ဖော်ထားတဲ့ ရုပ်ပုံတွေကိုလည်း အသုံးပြုပြီး လှောင်ပြောင်ခဲ့ကြပါတယ်။
ဒီပွဲစဉ်ဟာ ဘောလုံးပွဲရဲ့ အနှစ်သာရထက် ပြင်ပက ကန့်ကွက်မှုတွေက ပိုမိုလွှမ်းမိုးသွားခဲ့ပြီး အန်းဖီးလ်ကွင်းအတွက် မှောင်မိုက်တဲ့ နေ့တနေ့ ဖြစ်ခဲ့ရပါတယ်။











