DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၂ ရှိ မြေငလျင်လှုပ်
DVB
·
December 15, 2022
မန္တလေးတွင်  ပြင်းအား ရစ်ချ်တာစကေး  ၅ ဒသမ ၂ ရှိ မြေငလျင်လှုပ်
Donate to DVB

မန္တလေးတိုင်း၊ တံတားဦးမြို့အနီးမှာ ဒီဇင်ဘာလ ၁၅ ရက် ဒီနေ့ မနက်အစောပိုင်းက ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၂ ရှိ  အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တခုလှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပါတယ်။

မြန်မာစံတော်ချိန် ဒီနေ့မနက် ၃ နာရီ ၁၆ မိနစ် ၃၅  စက္ကန့် အချိန်မှာ မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် ၁၅ မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း တံတားဦးမြို့ရဲ့ အရှေ့ဘက် ၄ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၁ ဒသမ ၈၁ ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် ၉၆ ဒသမ ၀၃ ဒီဂရီ၊ အနက် ၆၃ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ငလျင်လှုပ်ခတ်မှုဒဏ်ကို သိသိသာသာ သိရှိခံစားလိုက်ရပြီး ပြင်းထန်တဲ့ အကြောင်း မန္တလေး ဒေသခံတွေက လူမှုကွန်ရက်တွေမှာ ရေးသားနေကြပါတယ်။

အဆိုပါငလျင်ကြောင့် အဆောက်အဦးတွေ ထိခိုက်ပျက်စီးမှုအခြေအနေနဲ့ လူတွေ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေကိုတော့ လတ်တလော မရရှိသေးပါဘူး။

Photo- မိုးဇလ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013