DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ပြည်ပကုန်သွယ်မှု ၈ လအတွင်း ကန်ဒေါ်လာ သန်း ၅၀၀ ကျော် ကုန်သွယ်မှုလိုငွေပြ
DVB
·
December 14, 2022
မြန်မာနိုင်ငံ၏ပြည်ပကုန်သွယ်မှု ၈ လအတွင်း ကန်ဒေါ်လာ သန်း ၅၀၀ ကျော် ကုန်သွယ်မှုလိုငွေပြ
Donate to DVB

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ နိုဝင်ဘာလကုန်အထိ ၈ လအတွင်း မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုမှာ ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကျော်  ဖြစ်ပေါ် ခဲ့တယ်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုစာရင်းအရ သိရပါတယ်။

အဲဒီစာရင်းအရ အခုဘဏ္ဍာနှစ် ၈ လအတွင်းမှာ  ပို့ကုန်တင်ပိုမှုတန်ဖိုးက အမေရိကန် ဒေါ်လာ ၁၁၁၇၁ ဒသမ ၇၄၃ သန်းခန့်သာ ရှိပြီး၊ သွင်းကုန်တင်သွင်းမှု တန်ဖိုးက အမေရိကန်  ဒေါ်လာ ၁၁၇၁၃ ဒသမ ၅၈၉သန်းခန့် ရှိပါတယ်။

သွင်းကုန်တင်သွင်းတဲ့တန်ဖိုးက ပို့ကုန်တင်ပို့တဲ့ တန်ဖိုးထက် အမေရိကန်ဒေါ်လာ ၅၄၁ ဒသမ ၈၄၆ သန်း ပိုများနေတာ ဖြစ်ပါတယ်။

ပင်လယ်ရေကြောင်းကနေ ကုန်သွယ်မှုစာရင်းကို ကြည့်ရင် ပို့ကုန်တင်ပို့တဲ့ တန်ဖိုးက ၈ လအတွင်း အမေရိကန် ဒေါ်လာ ၇၂၅၇ ဒသမ ၃၄၀ သန်းခန့်သာ ရှိပြီး သွင်းကုန်ပြန် တင်သွင်းတဲ့ တန်ဖိုးက ဒေါ်လာ  ၁၀၂၅၅ ဒသမ ၀၃၇ သန်းထိ ရှိခဲ့ပါတယ်။ ပို့ကုန်ထက် သွင်းကုန် တန်ဖိုးက အမေရိကန် ဒေါ်လာ ၂၉၉၇ ဒသမ ၆၉၇ သန်း ပိုများနေပါတယ်။

နယ်စပ်ကုန်သွယ်ရေးက တဆင့် ကုန်သွယ်မှုမှာတော့  သွင်းကုန်ထက် ပို့ကုန်တင်ပို့တဲ့ တန်ဖိုးက ပိုများနေပါတယ်။ ပို့ကုန်တင်ပို့တဲ့ တန်ဖိုးက အမေရိကန် ဒေါ်လာ ၃၉၁၃ ဒသမ ၈၀၃သန်းရှိပြီး၊ သွင်းကုန်ပြန်တင်သွင်းတဲ့ တန်ဖိုးက ၁၄၅၈ ဒသမ ၅၅၂သန်းခန့်သာ ရှိခဲ့တယ်လို့ စီး/ကူးဝန်ကြီးဌာနရဲ့ စာရင်းတွေအရသိရပါတယ်။ 

ဒါပေမဲ့ နယ်စပ်ဒေသမှာ တရားမဝင် ကုန်သွယ်မှုလမ်းကြောင်းကနေ ပြည်ပကကုန်စည်တွေ  အမြောက်အမြား တင်သွင်းနေကြတာဖြစ်လို့ ဒီပမာဏကိုတော့ ထည့်သွင်း တွက်ချက်နိုင်တာ မရှိပါဘူး။ 

အခုဘဏ္ဍာနှစ်ရဲ့ သွင်းကုန်ကဏ္ဍမှာ ရင်းနှီးမြှပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းနဲ့ CMPပစ္စည်း တင်သွင်းမှုက အရင်နှစ် ကာလတူနဲ့ ယှဥ်ရင် ပိုမြင့်တက်နေတာကို တွေ့ရပြီး၊ လူသုံးကုန်ပစ္စည်းတင်သွင်းမှုကတော့ အနည်းငယ် လျော့ကျနေပါတယ်။

ပို့ကုန်ကဏ္ဍမှာတော့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနဲ့ စက်မှုကုန်ချောပစ္စည်း တင်ပို့မှုတန်ဖိုး မြင့်တက်ခဲ့ပေမဲ့ သတ္တုတွင်းထွက်ပစ္စည်း၊ ရေထွက်ပစ္စည်းနဲ့ အခြားပစ္စည်း တင်ပို့မှုတွေ လျော့ကျနေတာ ‎တွေ့ရပါတယ်။

စစ်ကောင်စီကတော့ သူတို့တာဝန်ယူနေစဉ်ကာလမှာ ပြည်ပသွင်းကုန်တွေ အပေါ် ကန့်သတ်ခဲ့သလို၊ သွင်းကုန်၊ပို့ကုန် မူဝါဒနဲ့ ငွေကြေးမူဝါဒ အပြောင်းအလဲတွေ မကြာခဏ ချမှတ်နေတာကြောင့်  လုပ်ငန်းတွေ လုပ်သာကိုင်သာမရှိဘဲ စမ်းတဝါးဝါး  ဆောင်ရွက်နေရတယ်လို့ လုပ်ငန်းရှင်တွေက ဝေဖန်ထောက်ပြနေကြပါတယ်။

ပုံမှန် နှစ်တွေထက် ပို့ကုန်တန်ဖိုး သိသိသာသာ တိုးတက်လာတာ မရှိပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၁−၂၀၂၂ မီနစ်ဘတ်ဂျတ်မှာ ကုန်သွယ်ရေးပိုငွေ ၁၆၉ သန်းကျော်ဖြစ်ပေါ်ခဲ့ပြီး။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာလည်း  ကုန်သွယ်မှု ပိုငွေ သန်း  ၆၇၀ ကျော် ဖြစ်ပေါ်ခဲ့တယ်လို့စီး/ကူးဝန်ကြီးဌာနရဲ့ စာရင်းတွေအရသိရပါတယ်။

နိုင်ငံပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေတဲ့ ကာလတွေ ဖြစ်တဲ့ ၂၀၁၆−၂၀၁၇ ဘဏ္ဍာနှစ်မှာ  ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ ၅ဒသမ၂၁ ဘီလီယံ၊ ၂၀၁၇−၂၀၁၈ မှာ ၃ဒသမ ၈၁၁ ဘီလီယံ၊  ၂၀၁၈ မီနီဘတ်ဂျတ်မှာ  ၁ဘီလီယံကျော်၊ ၂၀၁၈−၂၀၁၉မှာ ၁ဒသမ၀၂၆ ဘီလီယံ၊ ၂၀၁၉−၂၀၂၀ မှာ ၁ ဒသမ ၃၆၉ ဘီလီယံ အသီးသီး ရှိခဲ့တယ်လို့ အဲဒီဌာနက ထုတ်ပြန်ထားတဲ့ ယာယီစာရင်းအရ သိရပြီးကုန်သွယ်မှုလိုငွေပြမှု ပမာဏ ဟာနှစ်စဉ် လျော့နည်းကျဆင်းခဲ့တာ တွေ့ရပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ နေပြည်တော်မှာ အောက်တိုဘာ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ အခုနှစ် ဧပြီမှ စက်တင်ဘာအထိ ၆ လတာကာလအတွင်းမှာ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၅၁ သန်း ရရှိထားပြီး ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013