ဝက်စ်ဟမ်းအသင်းဟာ နယူးကာဆယ်ကို (၃-၁) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ တန်းတင်ကျန်ရစ်ဖို့ တကယ့်ကို ခက်ခဲသွားပြီလို့ နည်းပြ နူနိုဆန်းတို့စ်က ဝန်ခံလိုက်ပါတယ်။
အင်္ဂါနေ့ညပွဲစဉ်မှာ ပြိုင်ဘက် စပါးအသင်းသာ ချယ်လ်ဆီးဆီကနေ ၁ မှတ် ရသွားခဲ့ရင် ဝက်စ်ဟမ်း တန်းဆင်းရဖို့ တရားဝင် သေချာသွားမှာပါ။
ပွဲအပြီးမှာ ပရိသတ်တွေရဲ့ လှောင်ပြောင်အော်ဟစ်မှုကို ခံခဲ့ရပြီး နူနိုဆန်းတို့စ်က ပရိသတ်တွေ ဒေါသထွက်တာ မှန်ကန်ကြောင်းနဲ့ လာမဲ့ရာသီပိတ်ပွဲမှာ ပရိသတ်တွေအတွက် သိက္ခာရှိရှိ ကစားသွားမယ်လို့ ပြောပါတယ်။
နယူးကာဆယ်အတွက်ကတော့ တိုက်စစ်မှူး အိုဆူလာက ၂ ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့ပါတယ်။










