DVB Logo
Home
မြန်မာသတင်း
ကလေး PDF တပ်ဖွဲ့ဝင်နေအိမ်အား မီးရှို့ ချိပ်ပိတ်သည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရ
DVB
·
December 8, 2022
ကလေး PDF တပ်ဖွဲ့ဝင်နေအိမ်အား မီးရှို့ ချိပ်ပိတ်သည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အနောက်တောင်ပိုင်း၊ မွှန်ထာရပ်ကွက်မှာရှိတဲ့ ကလေးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် မချောစုအောင်ရဲ့ နေအိမ်ကို လာရောက် မီးရှို့ ချိပ်ပိတ်တဲ့ အင်အား ၄၀ လောက်ပါ စစ်ကောင်စီတပ်သားတွေ ဒီဇင်ဘာ ၇ ရက်နေ့ နေလယ်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “သူတို့က သတင်းအရ လာရှာတာနေမယ်ဗျ။ သူတို့ရှာရမယ့်အိမ်ကိုလည်း မသိဘူးထင်တယ်။ တွေ့တဲ့လူတိုင်းကို ဓာတ်ပုံပြပြီး လိုက်မေးနေတာ။ အဲလိုမေးပြီး သွားတဲ့အချိန် ဆေးရုံတိုက်တန်းဘက်အရောက် ဗုံးတွေ ဆက်တိုက်ပေါက်ကွဲသံတွေ ကြားရတာပဲ။‌ ပေါက်ကွဲတဲ့ ဗုံးအသံကတော့ ၆ လုံးလောက်ဖြစ်ဖို့များတယ်။ နေရာအတိအကျတော့ သွားမကြည့်ရဲတော့ အတိအကျ မသိရသေးဘူး။ (--)တွေကတော့ ခြေရှုပ်နေတယ်။ အဲလိုလည်း ပေါက်ကွဲလိုက်ပြီး ခဏနေကြာတော့ ရမ်းသန်းပစ်ခတ်မှုတွေ ပြုလုပ်ကြတော့တာပဲ။ ဘာအသေအပျောက်မှ မကြည့်ရဘူး။ ကိုယ့်အသက်မသေအောင် မနည်း အပြင်မထွက်ဘဲ ငြိမ်နေရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ တပ်သားတွေက လတ်တလောရက်ပိုင်းအတွင်းမှာ မချောစုအောင်ရဲ့ မှတ်ပုံတင်နံပါတ်ကို သိရှိသွားပြီး နေအိမ်လိပ်စာကိုပါ သိသွားခဲ့တာလို့ အမျိုးသားဖြစ်သူက သူမပြောကြားထားတာကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာက‌နေတဆင့် ပြန်လည်မျှဝေခဲ့ပါတယ်။

"အိမ်လိပ်စာ သိသွားကြပြီး အိမ်ကို ဝင်ပြီးမီးရှို့မယ်ထင်လို့ အိမ်မီးရှို့ခံရမယ့်တူတူ မိုင်းထောင်လိုက်တယ်။ မိဘနှစ်ပါးစလုံးမရှိတော့ဘူး၊ ကျန်ခဲ့တဲ့အမွေ ဆိုလို့ အဲဒါလေးပဲ ကျန်တော့တာလေ။ တော်လှန်ရေးနိုင်လို့  အိမ်မရှိရင် အိမ်ရှိအောင် ပြန်ရှာမယ်။ အဓိက သူတို့တွေကို ပညာပေးဖို့ လိုအပ်တယ်။ ပြည်သူတွေရဲ့အိမ်တွေကို ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်၊ ခိုးချင်တိုင်းခိုးရင် မိုင်းစာမိပြီး အလောင်းထမ်းပြန်ရမယ်ဆိုတဲ့ ပညာပေးချင်တယ်။"

စစ်ကောင်စီတပ်သားတွေဟာ မချောစုအောင်ရဲ့နေအိမ်အတွင်းကို ဝင်ရောက်စဉ်မှာ ထောင်ထားတဲ့ မိုင်းတွေကိုမိပြီး ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ပြောပေမဲ့ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

လတ်တလောမှာ စစ်ကောင်စီတပ်သားတွေက ကလေးမြို့အနောက်တောင်ပိုင်းက  အင်ဒိုင်းကုန်း၊ မြို့လှ၊ မွှန်ထာကျေးရွာတွေမှာ အထိုင်ချနေပြီး ပြည်သူတွေကို  ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013