DVB Logo
Home
နိုင်ငံတကာ
အီရန်အရေး စစ်ပန်းနေသည့် အမေရိကန် လေယာဉ်တင်သင်္ဘော အစားထိုး
DVB
·
August 22, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ဆင်နွှဲနေတဲ့ အီရန်စစ်ပွဲကြောင့် ဝေဖန်မှုအမျိုးမျိုးနဲ့ ရင်ဆိုင် နေရချိန်မှာပဲ အရှေ့အလယ်ပိုင်းဒေသကို လေယာဉ်တင်သင်္ဘောအုပ်စုအသစ် ထပ်ပြီး ရောက်လာ ခဲ့ပါတယ်။

USS George Washington လေယာဉ်တင်သင်္ဘောဟာ အာရေဗျပင်လယ်ပြင်ထဲ ရောက်ရှိ လာခဲ့ကြောင်း အရှေ့အလယ်ပိုင်းဒေသကို ကြီးကြပ်ရတဲ့ အမေရိကန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (CENTCOM) က အတည်ပြုပါတယ်။

လက်ရှိ အီရန်ပိတ်ဆို့ထားတဲ့ ဟော်မုဇ် ရေလက်ကြားကနေ ဖြတ်သန်းသွားလာနိုင်အောင် သင်္ဘော အစင်းရေ ၁,၃၀၀ ကို အမေရိကန်စစ်တပ်အနေနဲ့ အကူအညီပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါဟာ ၂၀၂၅ နိုဝင်ဘာလကတည်းက တာဝန်ထမ်းဆောင်နေရတဲ့ USS Abraham Lincoln လေယာဉ်တင်သင်္ဘောပေါ်မှာ အခြေအနေ ဆိုးရွားနေတယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေအရ USS Washington ကို အစားထိုးဖို့ စေလွှတ်ခဲ့ရတာပါ။

USS Lincoln ပေါ်မှာရှိနေတဲ့ သင်္ဘောသားတွေနဲ့ မရိမ်းတပ်သားပေါင်း ၅,၀၀၀ လောက်ရဲ့ မိသားစုဝင်တွေကလည်း အချိန်ကြာမြင့်လာတာနဲ့အမျှ နေထိုင်စားသောက်ရေး အခြေအနေတွေ ပိုမိုဆိုးရွားလာတယ်ဆိုပြီး သတင်းမီဒီယာတွေကို ပြောပါတယ်။

အဲဒီမှာ အစားအသောက် မလုံလောက်တာ၊ ရေပိုက်လိုင်းတွေ ပျက်စီးနေတာနဲ့ သင်္ဘောပေါ်ကနေ ခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားတာမျိုးအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လင်ကွန်းသင်္ဘောက ဆိပ်ကမ်းမှာ တကြိမ်မှ မရပ်နားဘဲ ရေတပ်သမိုင်းတလျှောက် အချိန်အကြာဆုံး တာဝန်ထမ်းဆောင်ရတဲ့ စံချိန်ကို ပိုင်ဆိုင်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံဆီ ပြန်လည်ဦးတည် ထွက်ခွာသွားခဲ့ပါတယ်။

ဒါပေမဲ့လည်း ထရမ့်ပ်နဲ့အတူ အစိုးရတာဝန်ရှိသူတွေကတော့ သတင်းဖော်ပြချက်တွေဟာ အထင်အမြင် လွဲမှားစေနိုင်တဲ့အပြင် စစ်ပွဲကာလ ခြိုးခြံချွေတာမှုကို ကြုံတွေ့ခဲ့ရတာမျိုးသာ ဖြစ်တယ်ဆိုပြီး တုံ့ပြန်ထားပါတယ်။

အလားတူ အီရန်စစ်ပွဲ ၆ လနီးပါး ကြာမြင့်လာချိန်မှာတောင် အဆုံးသတ်မဲ့ အရိပ်အယောင် မတွေ့ရသေးတဲ့အလျောက် ထရမ့်ပ် အစိုးရအနေနဲ့ ကြိုတင်စီမံထားမှု အားနည်းနေတယ် ဆိုတာကို ပေါ်လွင်စေတယ်ဆိုပြီး ဒီမိုကရက်အမတ်တွေက ဝေဖန်ပြောဆိုထားပါတယ်။

အခုလိုမျိုး ဂျပန်မှာအခြေစိုက်တဲ့ USS Washington ရဲ့ နေရာရွှေ့ပြောင်းရမှုကြောင့် ပစိဖိတ်ဒေသ အတွင်း အမေရိကန် လေယာဉ်တင်သင်္ဘော တစင်းမှ မရှိတော့ဘဲ ဩဇာချဲ့ထွင်နေတဲ့ တရုတ်နိုင်ငံ အတွက် အခွင့်အရေးတခု ဖြစ်လာခဲ့ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013