DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ
DVB
·
December 6, 2022
မုံရွာတွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့‌၊ နတ်လူထိပ်ပန်ရပ်ကွက်အတွင်း မုံရွာ-မန္တလေးအထွက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မနေ့ ဒီဇင်ဘာ ၅ ရက် မနက် ၁၀ နာရီမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ဟာ မုံရွာ-မန္တလေး ခရီးသည်ကားတွေနဲ့ ချောင်းဦးမြို့ဘက်လာတဲ့ ဈေးသည်တွေဆီကပါ ဆက်ကြေးတောင်းတဲ့ စစ်ဆေးရေးဂိတ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

PDF အဖွဲ့ဝင်တဦးက “တိုက်တာက အလစ်ဝင်တိုက်ခဲ့တာ။ ဂိတ်အပြင်ထွက်ပြီး ဆက်ကြေးကောက်နေတဲ့ စခ ၂ ဦး၊ ဘန်ကာသဲအိတ်ထပ်ကာ ဝပ်ကျင်းထဲက ၅ ဦး၊ ဝရန်တာပေါ်က ၁ ဦး၊ စုပေါင်း ၈ ဦး သေဆုံးတယ်လို့ သတင်းပြန်ကြားထားတယ်။ PDF ဘက်ကလည်း စစ်ကောင်စီနဲ့ အပြန်အလှန် ပစ်ခတ်မှုကြောင့် ပူးပေါင်းတပ်ဖွဲ့ ရဲဘော်တဦး ကျဆုံးပြီး တဦး ဒဏ်ရာရရှိတယ်ဗျ။ စစ်ကောင်စီဘက်က ရမ်းသန်းပစ်လို့ ရပ်ကွက်ထဲက ကလေးငယ် ၃ ဦးလည်း ကျည်မှန်တာတွေ ရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ အကျအဆုံးနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်မှုမရှိသလို ဒီဗွီဘီအနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီတိုက်ခိုက်မှုကို Black Dragon Special Task Force-Monywa၊ Golden Eagle Force-Monywa၊ Monywa Ranger Army၊ မိုင်းမင်းသား မြေအောက်ပြောက်ကျားတပ်ဖွဲ့နဲ့ သပြေညို ပြောက်ကျးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013