
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နားမှာ နိုဝင်ဘာ ၃ ရက် ဒီမနက် ၁၁ နာရီ ၅၃ မိနစ်က အင်အား ၄ ဒသမ ၅ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။
တမူးမြေငလျင်စခန်းရဲ့ တောင်-အရှေ့တောင်ဘက် ၅၆ မိုင်လောက်ဝေးတဲ့ မော်လိုက်မြို့ရဲ့ တောင်ဘက် ၁၅ မိုင်လောက်အကွာမှာ မြေအောက်အနက် ၁၃၁ ကီလိုမီတာကို ဗဟိုပြု လှုပ်ရှားတာလို့ ဆိုပါတယ်။
အောက်တိုဘာ ၂၉ ရက် မွန်းလွဲပိုင်းကလည်း မော်လိုက်မြို့ရဲ့ အရှေ့တောင်ဘက် ၂၇ မိုင်လောက် အကွာမှာ မြေအောက်အနက် ၉၅ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားပမာဏ ၃ ဒသမ ၇ ရှိတဲ့ ငလျင်တခု လှုပ်ရှားခဲ့ပါတယ်။











