DVB Logo
Home
မြန်မာသတင်း
အကျဉ်းထောင်မှပြန်လွတ်လာသည့် အဆိုတော်ပိုပို၏ သီချင်းသစ် “အိမ်လွမ်းနာ” ဖြန့်ချိ (ရုပ်သံ)
DVB
·
December 6, 2022
အကျဉ်းထောင်မှပြန်လွတ်လာသည့် အဆိုတော်ပိုပို၏ သီချင်းသစ် “အိမ်လွမ်းနာ” ဖြန့်ချိ (ရုပ်သံ)
Donate to DVB

အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားဖမ်းဆီးထောင်ချခံခဲ့ရာကနေ မကြာခင်ကမှ အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ အဆိုတော် ပိုပိုရဲ့ တေးသီချင်းသစ်တပုဒ်  ထွက်ရှိလာရာမှာ အချိန်ပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုသူ သန်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။

“အိမ်လွမ်းနာ”လို့ အမည်ပေးထားခဲ့တဲ့ ဒီသီချင်းကို အဆိုတော် ပိုပိုက ကိုယ်တိုင်ရေးဖွဲ့သီဆိုထားခဲ့ပြီး သီချင်းမြူးဇစ်ဗီဒီယိုထဲမှာတော့ အဆိုတော် ဟိန်းသစ်နဲ့ မကြာခင်က အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာတဲ့ ဟာသသရုပ်ဆောင် လူရွှင်တော်ဆင်မတို့ကလည်း ပါဝင် သရုပ်ဆောင်ထားကြတာပါ။

“ကြယ်ရောင်တွေ မမြင်ရတာ ကြာခဲ့ပြီ… ပါးထက်က မျက်ရည်တွေလည်း ရွှဲစိုကုန်ပြီ… အိမ်လွမ်းတဲ့ စိတ်တွေနဲ့… ဘယ်မှာလည်း လွတ်လပ်ခြင်းတွေရယ်… ငိုနေမယ့် အခန်းကျဉ်းလေးရဲ့အထဲ… ဟို အရင်လို ကိုယ်ချစ်တဲ့သူတွေနဲ့… မတွေ့ရတာကြာခဲ့ပြီ… အထီးကျန်ခြင်းတွေရယ်… အားငယ်မှုများနဲ့ ပြည့်နှက်နေလို့တစ်စက္ကန့်လေးတောင်မှ… ကိုယ်မနေချင်တော့ပါ… သူစိမ်းများရဲ့ကမ္ဘာမှာ… I wanna go back home… home… home… I wanna go back home… home… home… I wanna go back home… home … home… I wanna go back home… home… home… help me please… I wanna go back home”

လတ်တလောမှာတော့ အသစ်ထွက်ရှိလာတဲ့ အမျိုးသမီး တေးသံရှင် ပိုပိုရဲ့ “အိမ်လွမ်းနာ” သီချင်းဟာ ပရိသတ်တွေကြား ရေပန်းစားနေခဲ့ကာ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်ပေါ်မှာ နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုသူ ၁ သန်းခွဲကျော်ရှိနေခဲ့တာပါ။

ပိုပိုဟာ Underground တေးဂီတလောကမှာ အချိန်အတော်ကြာ ကျင်လည်ခဲ့ပြီးမှ “ချစ်ဖူးခဲ့သမျှ”တကိုယ်တော် တေးအယ်လ်ဘမ် တချပ်တည်းနဲ့တင် ပရိသတ်လက်ခံအားပေးမှု ရရှိခဲ့သူတဦးဖြစ်ပြီး ဒုတိယမြောက် တေးအယ်လ်ဘမ် “အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို”တေးအယ်လ်ဘမ်အပါအဝင် အတွဲသီချင်းအယ်လ်ဘမ်တွေမှာပါ သီဆိုအောင်မြင်ခဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေးပြီး ပြည်သူနဲ့အတူ ရပ်တည်ခဲ့ကြတဲ့   ရုပ်ရှင်၊ ဂီတ၊ စာပေနယ်ပယ်က အနုပညာရှင်တွေနဲ့ အွန်လိုင်းမှာ လူသိများ ကျော်ကြားသူ ရာနဲ့ချီပြီး  စစ်ကောင်စီက ပုဒ်မ ၅၀၅-က အပါအဝင် စွဲချက်တွေနဲ့ အမှုဖွင့် ဖမ်းဆီးခဲ့ချိန်မှာတော့ ပိုပိုလည်း ပါဝင်ခဲ့ကာ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်က သူ့ရဲ့ နေအိမ်မှာ ပြီးခဲ့တဲ့နှစ် ဧပြီလ ကတည်းက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်ညမှာတော့ ပိုပိုဟာ ဗြူတီးဘလော့ဂါ ဝင်းမင်းသန်းနဲ့အတူ အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ အဆိုတော်ပိုပိုနဲ့ ဝင်းမင်းသန်းတို့ဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့် ဖမ်းဝရမ်း ထုတ်ခံခဲ့ရပြီး ၂၀၂၁ ခုနှစ် ‌ဧပြီလအတွင်း ဖမ်းဆီးခဲ့ရကာ ဒီဇင်ဘာလမှာတော့ ပုဒ်မ ၅၀၅ (က) အပါအဝင် ပုဒ်မတချို့နဲ့  ထောင်ဒဏ် ၃ နှစ်စီ ချခံခဲ့ရတာပါ။

အခုနှစ် မတ်လက အနုပညာရှင်တချို့ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ပေမယ့် သူတို့ ၂ ယောက် မပါဝင်ဘဲ ထောင်ဒဏ်ကျခံရပြီး ၁ နှစ်ကျော်အကြာမှ ပြန်လွတ်မြောက်လာတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013