DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်အခြေစိုက် NPDF အဖွဲ့က မိုင်းအလုံး ၁,၀၀၀ ပရောဂျက် စတင်
DVB
·
December 5, 2022
ယင်းမာပင်အခြေစိုက် NPDF အဖွဲ့က မိုင်းအလုံး ၁,၀၀၀ ပရောဂျက် စတင်
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အခြေစိုက် National People Defence Force (NPDF) က မိုင်းအလုံး ၁,၀၀၀ ပရောဂျက်ကို အခု ဒီဇင်ဘာလက စတင်ပြုလုပ်နေပြီး ပြည်သူ့အလှူငွေနဲ့ ရရှိလာတဲ့ မိုင်းတွေကို တခြားမဟာမိတ်အဖွဲ့တွေကိုပါ ‌ထောက်ပံ့ကူညီသွားမယ်လို့ ‌NPDF အဖွဲ့က ပြောပါတယ်။

လက်နက်အင်အားများစွာသာလွန်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရာမှာ မိုင်းကိုသာ အဓိကအားထား အသုံးပြုနေကြရပြီး မိုင်းထုတ်လုပ်ရေးအပိုင်းမှာလည်း ငွေကြေးအင်အား မပြည့်စုံတာတွေကြောင့် အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

NPDF ခေါင်းဆောင် ဗိုလ်သူရိန်က “မိုင်းအမျိုးစားတွေက အသုံးပြုမယ့် အရွယ်အစားပေါ် မူတည်ပြီး အများကြီးကွဲပြားတယ်ဗျ။ ကုန်ကျစရိတ်တွေလည်း မတူဘူးပေါ့ဗျာ။ လက်ရှိအမြင်အရ အသုံးဝင် ထိရောက်တဲ့၊ ပြီးတော့ အလုံးရေ များများလုပ်နိုင်မယ့် မိုင်းတွေကတော့ ကုန်ကျစရိတ်က တလုံးကို ၁ သိန်းဝန်းကျင်လောက် ရှိပါတယ်ဗျ။ ဒါ့ကြောင့် ပြည်သူ့များအနေနဲ့ National People Defence Force ရဲ့ မိုင်းအလုံး ၁,၀၀၀ ‌ပရောဂျက်မှာ ပူးပေါင်းပါဝင်ပေးကြဖို့ရာ မေတ္တာရပ်ခံရတာ ဖြစ်ပါတယ်။ ဒီ မိုင်းအလုံး ၁,၀၀၀ ဟာဆိုရင် ကျနော်တို့အဖွဲ့အတွက် သီးသန့်မဟုတ်ဘဲနဲ့ တခြားမဟာမိတ်အဖွဲ့တွေကိုပါ ထောက်ပံ့ကူညီပေးသွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မိုင်းဟာ စစ်ဆင်ရေးမှာ လူအင်အားအများကြီးမလိုဘဲ မြေပြင်အခြေအနေကို ကာကွယ်ဖို့၊ အတားအဆီးဖြစ်ဖို့ တိုက်ခိုက်မှုမှာ အဓိက ထိရောက်မှုရှိပြီး ရန်သူ့အာရုံကို ပိုမိုရှုပ်ထွေးစေနိုင်မယ့် တိုက်ခိုက်မှုတခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

NPDF အနေနဲ့ မိုင်းတွေကို ကိုယ်တိုင်ထုတ်လုပ်နေပြီး မဟာမိတ်အဖွဲ့အစည်းနဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လက်နက်အင်အားသာလွန်တဲ့ စစ်‌ကောင်စီတပ်ဖွဲ့အနေနဲ့ စစ်ကိုင်းတိုင်းအတွင်း အင်အားအလွန် အကျွံသုံးကာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စခန်းတွေကို စီးနင်းတိုက်ခိုက်တာတွေ ပြုလုပ်နေပြီး ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ လက်နက်အင်အား မမျှတာကြောင့် ဆုတ်ခွာပေးခဲ့ရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013