DVB Logo
Home
မြန်မာသတင်း
ထီးလင်း၊ ပခုက္ကူနှင့် ရေစကြိုတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
December 5, 2022
ထီးလင်း၊ ပခုက္ကူနှင့် ရေစကြိုတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
1 / 3
Donate to DVB

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထလင်းရွာနဲ့ ချင်းပြည်နယ်ကြားရှိ ဒေသအခေါ် စခန်းလေးဇရပ်ဘက်မှာ စစ်ကောင်စီတပ်သားတွေ မိုင်းနင်းမိသွားတယ်လို့ Ydf ထီးလင်းအဖွဲ့ထံက သိရပါတယ်။

နိုဝင်ဘာ ၅ ရက် ဒီနေ့မနက်မှာ Ydf ထီးလင်း ထောင်ထားတဲ့ တိုက်မိုင်း ၂ လုံးကို တက်နင်းမိခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တယ်လို့ Ydf ထီးလင်း တာဝန်ခံ သခင်ဇော်က ပြောပါတယ်။

“ထီးလင်းမြို့ပေါ်ကနေ ထွက်လာတဲ့ စစ်ကြောင်းကို ကျနော်တို့တပ်ဖွဲ့က တိုက်မိုင်းတွေ ကြိုထောင်ထားခဲ့တာ။ သူတို့လာနေကျလမ်းတွေကို ကြိုသိလို့ ကြိုထောင်တာ။ မိုင်းထောင်ထားတဲ့နေရာက ကျေးရွာတွေနဲ့ အလှမ်းဝေးတယ်။ ကျနော်တို့တပ်ဖွဲ့ ကြိုထောင်ပြီး တခြားနေရာမှာ နေကြရတာ။ သူတို့တပ်ဖွဲ့တွေလာတော့ မိုင်းနင်းမိသံတွေ ကြားတယ်။ ကျနော်တို့ဘက်က မိုင်းသံပါပဲ။ ပြီးတော့ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်။ မိုင်းကွဲ‌တဲ့နေရာကို သွားကြည့်လို့တော့ မရသေးဘူး။”

အဆိုပါတိုက်မိုင်းကို စစ်ကောင်စီတပ်က တက်နင်းမိတာကြောင့် စစ်ကောင်စီတပ်သားတွေဘက်က ထိခိုက်ကျဆုံးနိုင်တယ်လို့ သခင်ဇော်က ပြောပေမဲ့ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ထီးလင်းနယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

ပခုက္ကူမြို့နယ်မှာလည်း ဒီဇင်ဘာ ၅ ရက် ဒီမနက်ပိုင်းက ပြည်သူတွေပိုင်ဆိုင်တဲ့ ယာခင်းတွေမှာ အဓမ္မ ဝင်ရောက်ထွန်ယက်နေတဲ့ ပျူစောထီးတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။

ပခုက္ကူမြို့နယ် ရေလာလေးရွာရဲ့ အရှေ့မြောက်ဘက် ၁ မိုင်လောက်အကွာမှာရှိတဲ့ ပြည်သူတွေပိုင်ဆိုင်တဲ့ ယာခင်းတွေကို အဓမ္မ ဝင်ရောက်ထွက်ယက်နေတဲ့ ညောင်ဂျစ်ပင်ရွာနဲ့ ရေလာလေးရွာက ပျူစောထီးတွေကို ဒီမနက် ၉ နာရီကျော်လောက်မှာ မြိုင် ပ.က.ဖ တပ်ရင်း-၁ က ဒရုန်းနဲ့ အီနာဂါဗုံးသီး ၃ လုံး ဖြုတ်ချပြီး တိုက်ခိုက်ခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ ပျူစောထီး ၃ ယောက် ဒဏ်ရာရရှိကာ အဲဒီထဲက တယောက်ကတော့ အပြင်းအထန် ဒဏ်ရာရရှိသွားပြီး သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။

ခဏအကြာမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ထပ်ရောက်လာပြီး ဘေးပတ်ဝန်းကျင်ကို လက်နက်ငယ်တွေနဲ့ အချက်ပေါင်းများစွာ ပစ်ခတ်နေလို့ အပြစ်မဲ့ပြည်သူတွေ ထိခိုက်မှာစိုးလို့ ဆက်လက်တိုက်ခိုက်တာတွေ မပြုလုပ်တော့ဘဲ ဆုတ်ခွာခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

ကမ္မမြို့ကနေ မြိုင်မြို့နယ် ကျောက်ခွက်၊ ဖလံကိုင်း၊ ရေနံမြေရဲစခန်းတွေကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီကားကို နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၂ ရက်နေ့အထိ လမ်းတလျှောက် မိုင်းတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးကာ ၅ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ်မှာ ဒီဇင်ဘာ ၄ ရက် နေ့လယ်ပိုင်းက ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အများအပြား သေဆုံး ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံ-Black Tiger တပ်ဖွဲ့က သိရပါတယ်။

မနေ့ မွန်းတည့် ၁၂ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ရေစကြိုမြို့မရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ဖို့ သွားတဲ့အချိန် စစ်ကောင်စီစစ်ကြောင်းနဲ့ ထိပ်တိုက်တိုးပြီး မွန်းလွဲ ၁ နာရီခွဲလောက်အထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြင်းခြံ-Black Tiger တပ်ဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အယောက် ၃၀ ထက်မနည်း သေဆုံးတယ်လို့ တပ်တွင်းသတင်းတွေအရ သိရတယ်လို့ ဒေသခံတယောက်က ဆိုပေမဲ့ အတည်ပြုလို့တော့ မရသေးပါဘူး။

တိုက်ပွဲအတွင်း မြင်းခြံ-Black Tiger တပ်ဖွဲ့က ရဲဘော် ၂ ယောက် မစိုးရိမ်ရဒဏ်ရာ ရခဲ့တယ်လို့ သိပါတယ်။ အခုတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းမထုတ်ပြန်သေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013