DVB Logo
Home
Lead Story
သပိတ်မှောက်မှုကြားက ဘိလပ်မြေစက်ရုံ ပြန်လည်ပတ်ရန် တောင်ကိုရီးယားသမ္မတ ညွှန်ကြာ
DVB
·
December 5, 2022
သပိတ်မှောက်မှုကြားက ဘိလပ်မြေစက်ရုံ ပြန်လည်ပတ်ရန် တောင်ကိုရီးယားသမ္မတ ညွှန်ကြာ
Donate to DVB


တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးဟာ ထရပ်ကားယာဉ်မောင်းတွေရဲ့ သပိတ်မှောက်မှုကြားက ဘိလပ်မြေစက်ရုံကို ပြန်လည်ပတ်နိုင်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ထားဖို့ ဒီဇင်ဘာ ၄ ရက်မှာ ညွှန်ကြားလိုက်ပါတယ်။
အစိုးရနဲ့ သမဂ္ဂကြားက ညှိနှိုင်းရေးမှူးတွေဟာ အနိမ့်ဆုံးလုပ်ခလစာ စည်းမျဉ်းနဲ့ပတ်သက်လို့ သဘောထားကွဲလွဲမှုအပေါ်မှာ တိုးတက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးတာကြောင့် ထောင်ပေါင်းများစွာသော တောင်ကိုရီးယား ထရပ်ကားယာဉ်မောင်းတွေရဲ့ သပိတ်ဟာ အချိန် ၁၀ ရက်ကျော် ကြာမြင့်လာခဲ့ပါပြီ။
ဒီဆန္ဒပြသပိတ်မှောက်မှုအတွင်း ဥပဒေချိုးဖောက်သူတွေကို အပြစ်ပေးမှာဖြစ်တယ်လို့လည်း ယွန်းက ကြေညာထားပါတယ်။
အစိုးရဝန်ကြီးတွေကိုလည်း ယာဉ်မောင်းအစားထိုးတာတွေ၊ စစ်မှုထမ်းတွေနဲ့ စစ်ဘက်သုံးကိရိယာတွေ အစားထိုး အသုံးပြုပြီး ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ဖို့ ညွှန်ကြားထားတာပါ။
အစိုးရက ထရပ်ကားယာဉ်မောင်းတွေအတွက် အနည်းဆုံးလုပ်ခလစာစနစ်ကို နောက် ၃ နှစ်အထိ တိုးပေးဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။
တောင်ကိုရီးယား ကုန်သွယ်ရေးသမဂ္ဂများ မဟာမိတ်အဖွဲ့ချုပ်က လာမယ့် ဒီဇင်ဘာ ၆ ရက်မှာ အထွေထွေသပိတ်ပြုလုပ်ဖို့ စီစဉ်နေပြီး ဒီစနစ်ဟာ ထရပ်ကားယာဉ်မောင်းတွေအတွက် အခွင့်အလမ်း ပိုရှိသင့်သလို အတည်တကျလည်း ဖြစ်သင့်တယ်လို့ မှတ်ချက်ပြုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013