DVB Logo
Home
မြန်မာသတင်း
လောင်းလုံးမြို့နယ်တွင် တရုတ်ပြည်သူ့ဒီမိုကရေစီအရေး ထောက်ခံဆန္ဒပြ
DVB
·
December 4, 2022
လောင်းလုံးမြို့နယ်တွင် တရုတ်ပြည်သူ့ဒီမိုကရေစီအရေး ထောက်ခံဆန္ဒပြ
Donate to DVB

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ထဲက လူငယ်တွေက တရုတ်ပြည်သူတွေရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ထောက်ခံကြောင်းပြသကာ ဒီဇင်ဘာ ၃ ရက် ညနေပိုင်းမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

"The Chinese People's Democracy Movement is the Ally of the Myanmar Spring Revolution" စာတန်းကိုင်ဆောင်ပြီး လူငယ် ၄၀ လောက် လမ်းလျှောက်ချီတက်ခဲ့ကြတဲ့ အဲဒီလှုပ်ရှားမှုမှာ ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ၂၀၀၈ ခြေဥဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး အစရှိတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြတာပါ။

ဒီလှုပ်ရှားမှုကို ဦးဆောင်တဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ တာဝန်ရှိသူတွေကတော့ တရုတ်ပြည်သူတွေရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုဟာ မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေး အောင်မြင်ဖို့အတွက် အရေးပါတာမို့ တရုတ်ပြည်သူတွေရဲ့ လှုပ်ရှားမှုကို ထောက်ခံအားပေးကြဖို့လိုတယ်လို့ ပြောပါတယ်။

ဒါ့အပြင် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဟာ ခေတ်အဆက်ဆက် မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေ ဦးဆောင်တဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေဖို့ ထောက်ပံ့ပေးနေတာကြောင့် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဦးဆောင်တဲ့ တရုတ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုကို အပြည့်အဝထောက်ခံတယ်လို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံတဝန်း ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး တရုတ်အစိုးရဲ့ တင်းကျပ်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး မြို့ကြီးတချို့မှာ တရုတ်ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ပထမအစမှာတော့ ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုဟာ ကိုဗစ်-၁၉ လော့ဒေါင်းချမှတ်ထားတာကို ပယ်ဖျက်ပေးဖို့သာတောင်းဆိုခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ တရုတ်သမ္မတ ရှီကျင့်ဖျင် နုတ်ထွက်ရေး၊ တရုတ်အစိုးရ ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေး၊ လူ့အခွင့်အရေးအပြည့်အဝရရှိရေး အစရှိတဲ့ နိုင်ငံရေးဆိုင်ရာ တောင်းဆိုမှုတွေ ရှိလာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013