DVB Logo
Home
မြန်မာသတင်း
နိုင်ငံ့ခေါင်းဆောင်များကို စွဲဆိုထားသည့် ရဟတ်ယာဉ်အမှု မစစ်ဖြစ်ဘဲ ရုံးချိန်းထပ်ချိန်း
DVB
·
November 29, 2022
နိုင်ငံ့ခေါင်းဆောင်များကို စွဲဆိုထားသည့် ရဟတ်ယာဉ်အမှု မစစ်ဖြစ်ဘဲ ရုံးချိန်းထပ်ချိန်း
Donate to DVB

ရဟတ်ယာဉ်အမှုတွေအတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နိုဝင်ဘာ ၂၉ ရက်က နေပြည်တော်အချုပ်ရှိ အထူးသီးသန့် တရားရုံးမှာ ဆက်ဆက်ရုံးထုတ်ခဲ့ပေမဲ့ မစစ်ဆေးဖြစ်ဘဲ ရုံးချိန်းပြန်ချိန်းလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိငါးမှုလုံးအတွက် စွဲချက်တင်အမိန့်ချကာ ပြန်ခေါ်သက်သေတွေ စစ်ဆေးပြီးနောက် စွပ်စွဲခံရသူတွေဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း မနေ့ကရုံးချိန်းမှာ စစ်ဆေးပြီးဖြစ်ပါတယ်။

တရားရုံးနဲ့နီးစပ်သူတဦးက “ဒီနေ့ရုံးချိန်းက မစစ်ဆေးဖြစ်ဘူး။ သက်သေ သုံးလေးဦးလောက် စစ်စရာကျန်သေးတယ်။ နောက်အပတ်ကို ရုံးချိန်းပြန်ချိန်းလိုက်တယ်” လို့ ပြောပါတယ်။

စစ်စရာကျန်သေးတဲ့ သက်သေတွေဟာ တရားလိုပြသက်သေလား၊ တရားခံပြသက်သေလား ဆိုတာနဲ့ ဘယ်လိုပုဂ္ဂိုလ်တွေလဲ ဆိုတာကိုတော့ အတည်ပြုလို့ မရခဲ့ပါဘူး။

ဒီရဟတ်ယာဉ်ဝယ်ယူတာ၊ ငှားရမ်းတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ စွပ်စွဲတရားစွဲဆိုထားပေမဲ့ စွပ်စွဲခံရသူတဲ့ ဖမ်းဆီးခံ နိုင်ငံခေါင်းဆောင် ၂ ဦးကတော့ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီပဲ ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။

ပြည်သူတွေအတွက် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစီး ဝယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ကောင်စီစွဲဆိုထားတဲ့ အမှုတွေထဲက ထောင်ဒဏ်ချမှတ်ခံထားရတာ စုစုပေါင်း ၂၆ နှစ်ရှိပြီဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အမိန့်ချပြီးသား အမှုတွေကိုလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အယူခံတင်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013