DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် မုဒိမ်းမှု၊ လူသတ်မှု၊ လုယက်မှု၊ ခိုးမှု ကျူးလွန်သူ ၂ ဦးအား ပလဖက ဖမ်းဆီး
DVB
·
November 29, 2022
မုံရွာတွင် မုဒိမ်းမှု၊ လူသတ်မှု၊ လုယက်မှု၊ ခိုးမှု ကျူးလွန်သူ ၂ ဦးအား ပလဖက ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အတွင်း မုဒိမ်းမှု၊ လူသတ်မှု၊ ဓားပြမှု၊ လုယက်မှုခိုးမှု စတဲ့ ပြစ်မှုပေါင်းများစွာ ကျူးလွန်ထားသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က နိုဝင်ဘာ ၂၇ ရက်မှာ ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။

သူတို့ကို လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ကျူးလွန်တဲ့ ပြစ်မှုတွေကို အသေးစိတ်ဝန်ခံထွက်ဆိုထားတာ ဖြစ်တဲ့အတွက် တရားဥပဒေအရ အပြစ်ပေး အရေးယူဖို့ လုပ်ဆောင်သွားမယ်လို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ဒီကောင်တွေ ကျူးလွန်ထားတဲ့ ပြစ်မှုတွေက ရာချီရှိနေတယ်။ ဖမ်းမိထားတာက ၁၀ ရက်လောက် ရှိပြီ။ အခု စစ်ဆေးပြီး သူတို့ထွက်ချက်တွေကို အများပြည်သူသိအောင် ထုတ်ပြန်တာပါ။ စစ်လိုက်တော့ ဒီကောင်တွေကို စကစတပ်ရဲ့ လက်ပါးစေ မျိုးချစ်ဆိုတဲ့ အဖွဲ့က ခိုင်းစေတယ်လို့ သိရတယ်။ သူတို့ကို စစ်ကောင်စီတပ်က သတင်းပေးဒလန်လည်း လုပ်ခိုင်းတယ်လို့ ပြောတယ်။ နောက်ပြီး သူတို့တတွေကို စစ်တပ်က အရေးမယူဘဲ ကျူးလွန်ထားတဲ့ လုပ်ရပ်တွေကို PDF က လုပ်ပါတယ်ဆိုပြီး သတင်းလွှင့်ပေးဖို့ကိုလည်း စေခိုင်းထားတယ်လို့ ဝန်ခံထားတယ်။ မုံရွာ ပလဖ အနေနဲ့ ဆက်စပ်မှုအားလုံးကို ဖော်ထုတ်အရေးယူသွားမယ်။”

ဖမ်းဆီးရမိထားတဲ့ အသက် ၁၈ နှစ်အရွယ် စိုင်းရဲထွန်း ဆိုသူကို စစ်ဆေးရာမှာတော့ ဓားပြတိုက် အနုကြမ်းစီးမှု ၄ မှု၊ အမျိုးသမီးများအား ပစ္စည်းလုယက်/မုဒိမ်းကျင့်မှု ၈ မှုအပါအဝင် လုယက်မှု ၄၃ မှု နဲ့ ခိုးမှုပေါင်း ၇၈ မှု ကျူးလွန်ထားကြောင်း ဝန်ခံထွက်ဆိုထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိထားတဲ့ စိုင်းရဲထွန်းမှာ စိုင်းရဲထွန်း (ခ) ရွှေမောင် (ခ) ကုလားဆိုတဲ့ အမည် ၃ မျိုးနဲ့ ရာဇဝတ်မှုများလှုပ်ရှားကျူးလွန်နေသူဖြစ်တယ်လို့ သိရပြီး မုံရွာမြို့ နန္ဒဝန် အမှတ် ၆ ရပ်ကွက်မှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

နောက်ထပ် ဖမ်းဆီးရမိထားတဲ့ အသက် ၁၉ နှစ်အရွယ် ထက်ခိုင်ဦးဆိုသူကို စစ်ဆေးရာမှာတော့ ၈ နှစ်အရွယ် အမေတူ အဖေကွဲ ညီမဖြစ်သူကို အကြိမ်ရေ ၂၀ မုဒိမ်းကျင့်မှုနဲ့ ခိုးမှုပေါင်း ၃၉ မှုကျူးလွန်ထားကြောင်း ဝန်ခံထွက်ဆိုထားတယ်လို့ ဆိုပါတယ်။

ပြစ်မှုကျူးလွန်သူတွေ ထွက်ဆိုချက်အရ ကျူးလွန်မှုအများဆုံးဖြစ်ပွားတဲ့နေရာတွေဟာ မုံရွာမြို့ရဲ့ စက်မှုဇုံနဲ့ နန္ဒဝန်ရပ်ကွက်တွေမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့ ပြစ်မှုကျူးလွန်ခြင်းခံရပါက မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)အပါဝင် ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ အထောက်ထားအပြည့်စုံဖြင့် ဆက်သွယ် အကြောင်းကြားတိုင်ကြားနိုင်ကြောင်းလဲ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က အသိပေးနှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013