DVB Logo
Home
မြန်မာသတင်း
ဂျပန်အထူးကိုယ်စားလှယ် ဆာဆာကာဝါ ကြားဝင်ညှိနှိုင်းမှုကြောင့် အပစ်ရပ်ခြင်းဖြစ်ဟု အေအေ ပြော
DVB
·
November 28, 2022
ဂျပန်အထူးကိုယ်စားလှယ် ဆာဆာကာဝါ ကြားဝင်ညှိနှိုင်းမှုကြောင့် အပစ်ရပ်ခြင်းဖြစ်ဟု အေအေ ပြော
Donate to DVB

ရက္ခိုင်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတို့ အပစ်အခတ်ရပ်စဲခဲ့ရတာဟာ ဂျပန်အစိုးရ အထူးကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့်ဖြစ်ပြီး သဘောတူချက်များစွာ ရရှိထားကြောင်း အေအေပြောခွင့်ရ ခိုင်သုခက​ နိုဝင်ဘာ ၂၈ ရက် မနက်က ကျင်းပတဲ့ ULA/AA ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“စစ်ကောင်စီနဲ့ လက်ရှိ အပစ်အခတ်ရပ်စဲလိုက်တာက ပြည်သူလူထုတွေရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို ရှေ့ရှုပြီး အပစ်အခတ်ရပ်လိုက်တာ ဖြစ်တယ်။ ရှင်းရှင်းပြောရရင် ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် ဖြစ်တယ်။ သဘောတူညီချက်တွေက များစွာရရှိထားတယ်။ မကြာမီ ထုတ်ပြန်သွားဖို့ရှိပါတယ်။”

အေအေနဲ့ စစ်ကောင်စီတပ်တို့ကြား အပစ်အခတ်ရပ်စဲရေးကို နိုဝင်ဘာ ၂၆ ရက်က စတင်ပြီး နှစ်ဖက် အလွတ်သဘောတူညီခဲ့ကြကြောင်း နှစ်ဖက်စလုံးရဲ့ ပြောရေးဆိုခွင့်ရှိသူတွေက မီဒီယာတွေကို ဖြေကြားထားပါတယ်။

အပစ်အခတ် ရပ်စဲထားပေမဲ့လည်း ရက္ခိုင့်တပ်တော် (အေအေ) ဘက်က တပ်တွေဟာ လက်ရှိအနေအထားအတိုင်းသာ ရှိနေမှာဖြစ်ပြီး အပြောင်းအလဲမရှိဘူးလို့ ခိုင်သုခက ဆိုပါတယ်။

“အပစ်အခတ် ရပ်ထားတာပဲရှိတယ်။ တပ်တွေ နေရာချထားတာတွေက ဒီအတိုင်းရှိနေမှာပါ။ စစ်ကောင်စီနဲ့ ဘာတွေသဘောတူထားလဲဆိုတော့ လတ်တလောမှာ ပြောလို့မရပေမဲ့ နောက်ပိုင်းမှာ ထုတ်ပြန်သွားဖို့ ရှိပါတယ်။ အားလုံးသိကြရမှာပါ။”

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတို့ ပထမအကြိမ် အပစ်အခတ် ရပ်စဲခဲ့ကြပါတယ်။

အဲဒီနောက် ၂၀၂၂ နှစ်ဆန်းပိုင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ စစ်ကောင်စီနဲ့ အေအေတို့ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး အခု ဒုတိယအကြိမ် မစ္စတာ ဆာဆာကာဝါရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် ဒုတိယအကြိမ် နှစ်ဖက် အပစ်အခတ် ရပ်စဲထားကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013