
ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာ SKY BAR အရှေ့မှာ နိုဝင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းက ဆိုင်ကယ် မောင်းနှင်လာတဲ့ အမျိုးသမီး ၂ ယောက် ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတဦးကပြောပါတယ်။
"ဆိုင်ကယ်စီးလာတဲ့ မိန်းကလေး ၂ ယောက်အပစ်ခံရတာ၊ တယောက်က စိုးရိမ်ရတယ်၊ သေနတ်မှန်ပြီး ဆိုင်ကယ်နဲ့ချိတ်ပါသွားတာ တယောက်ကတော့ မစိုးရိမ်ရဘူး" လို့ ဒေသခံ တဦးက ပြောပါတယ် ။
တယောက်က ဗိုက်နဲ့ ကျန်တယောက်က ခြေထောက်ကို ထိမှန်ခဲ့ပြီး ဖားကန့် ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ ဆိုပါတယ်။
ဖားကန့်မြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ စစ်ကောင်စီတပ်တို့ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားနေသလို နေ့စဉ် ပစ်ခတ်သတ်ဖြတ်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။