DVB Logo
Home
မြန်မာသတင်း
MNA လေကြောင်းလိုင်း ဝက်ဘ်ဆိုက်အတု ထွက်ပေါ်၊ ပြည်သူများ၏အချက်အလက် အလိမ်ခံရ
DVB
·
November 25, 2022
MNA လေကြောင်းလိုင်း ဝက်ဘ်ဆိုက်အတု ထွက်ပေါ်၊ ပြည်သူများ၏အချက်အလက် အလိမ်ခံရ
Donate to DVB

ဝက်ဘ်ဆိုက်အတုတွေကနေ မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ရဲ့  ၇၄ နှစ်ပြည့် ကံစမ်းမဲ အစီအစဉ်ဆိုပြီး ပြည်သူတွေရဲ့ အချက်အလက် ရယူနေတဲ့ လိမ်လည်မှုတွေ ဖြစ်ပေါ်နေတယ်လို့ MNA က နိုဝင်ဘာလ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဝက်ဘ်ဆိုက်အတုတွေကနေ မြန်မာအမျိုးသားလေကြောင်းလိုင်းက ငွေသားဆုပေးတယ်ဆိုပြီး လိမ်နေတာကြောင့် ခရီးသွားတွေအနေနဲ့ ကိုယ်ရေးကိုယ်တာ အသေးစိတ်အချက်အလက် ဒါမှမဟုတ် ငွေပို့ပေးတာတွေ ရှောင်ဖို့နဲ့ ဝက်ဘ်ဆိုက်အတုတွေကို မတုံ့ပြန်ဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လိမ်လည်ခံရသူ အများစုဟာ MNA ‌လေကြောင်းလိုင်း စီးနင်းဖူးသူတွေနဲ့ လေဆိပ်ဝန်ထမ်းတွေ ဖြစ်ပြီး အဲဒီဝက်ဆိုဒ်တွေကနေ link တွေ ပေးပို့ကာ သုံးစွဲသူတွေရဲ့ အချက်အလက်တွေ ရယူ နေတာလို့ MNA ဝန်ထမ်း တဦးက ပြောပါတယ်။

“MNA မှာ ဝန်ထမ်းဖြစ်လာတာ ကြာပြီ။ ညက ဖုန်းနိုတီထဲ MNA ဆိုပြီး ဝင်လာတော့၇၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကံစမ်းမဲပေးမယ်ဆိုပြီး ပေါ်တယ်။ ဝင်ကြည့်တော့ မဲနှိုက်ရတယ်။ ‌ဒေါ်လာ ၄၀၀  ပေါက်တာ။ အဲဒါကို ထုတ်ချင်ရင်တဲ့ Form ကြေး ၂၅ ဒေါ်လာ သွင်းရမယ်လို့ ပါတယ်။ မနက် ရုံးရောက်မှ အလိမ်ခံရတာ သိတယ်။"

အဲဒီဝက်ဘ်ဆိုဒ်တွေက ပေးပိုတဲ့လင့်ခ်ကို ဝင်ကြည့်မိပါက သုံးစွဲသူတွေရဲ့ အချက်အလက် အပါအဝင် ငွေကြေးဆိုင်ရာ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာနိုင်ပြီး ပို့လာတဲ့ app တခုခုကို Download ဆွဲမိရင်လည်း tracking အလိုက်ခံရတာနဲ့ ကိုယ်ရဲ့ တနေ့တာ လှုပ်ရှားမှုတွေကို ဖုန်းကနေ သိရှိသွားနိုင်တယ်လို့ နည်းပညာရှင် တဦးက ပြောပါတယ်။

MNA ဝက်ဘ်ဆိုဒ်က link ရသူ တဦးက  “အရင်ကတည်းကတော့ အခုလို spam link တွေ ပို့ခံ ရဖူးတယ်။ Online shop လုပ်တော့ Ads ပုံစံ တက်လာတာ။ Mytel ပုံစံနဲ့လည်း တွေ့ဖူးတယ်။ ကြော်ငြာတက်ပြီး မဲပေါက်တယ်။ ဘယ်လောက် သွင်းရမယ်ပေါ့" လို့ ပြောပါတယ်။

ဝက်ဘ်ဆိုဒ်အတုတွေသာမက လေယာဉ်လက်မှတ် ရောင်းတဲ့ MNA အမည်နဲ့ ဆိုရှယ်မီဒီယာ အတုတွေ ရှိနေတဲ့အပြင် MNA နည်းတူ အောက်တိုဘာ ၁၂ ရက်ကလည်း အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း MAI နာမည်နဲ့ ခရီးသည်တွေ လိမ်လည်ခံခဲ့ရပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013