DVB Logo
Home
မြန်မာသတင်း
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တဝန်း တိုက်ပွဲပေါင်း ၇,၈‌၀၀ ကျော်ဖြစ်ပွား
DVB
·
November 24, 2022
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တဝန်း တိုက်ပွဲပေါင်း ၇,၈‌၀၀ ကျော်ဖြစ်ပွား
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းချိန်ကစပြီး အခုနှစ် အောက်တိုဘာ ၁၅ ရက်အထိ နိုင်ငံတဝန်း ၁၉၁ မြို့နယ်မှာ  တိုက်ပွဲပေါင်း ၇,၈၅၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို သုတေသန အဖွဲ့တဖွဲ့ဖြစ်တဲ့  မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) က နိုဝင်ဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ  (EAOs) တွေအကြား တိုက်ပွဲပေါင်း ၄,၅၄၈ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး EAOs၊ PDFs ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၉၂၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၁၊ မေလအတွင်း စစ်ကောင်စီတပ်နဲ့ EAOs တပ်ဖွဲ့တွေအကြား တိုက်ပွဲပေါင်း ၆၂၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကာ အများဆုံးဖြစ်ခဲ့ပြီး တနိုင်ငံလုံး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ၅၇ ရာခိုင်နှုန်း ကျော်မှာ စစ်ကောင်စီတပ်နဲ့ EAOs တပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲပေါင်း ၇,၈၅၅ ကျော်အနက် ကရင်ပြည်နယ်မှာ တိုက်ပွဲပေါင်း ၄,၃၉၄ ကြိမ်ထက်မနည်း အများဆုံးဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းမှာ တိုက်ပွဲပေါင်း ၉၁၉ ကြိမ်ထက်မနည်းနဲ့ ဒုတိယအများဆုံးဖြစ်ပွားခဲ့တယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၉၁ ခုမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ၅၀ ရာခိုင်နှုန်းဟာ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် အများဆုံးဖြစ်ခဲ့ပြီး ၃,၉၉၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အခုနှစ် အောက်တိုဘာ တလအတွင်း နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၅  မြို့နယ်မှာ လေကြောင်း တိုက်ခိုက်ခံရမှု ၅၇ ကြိမ်ထက်မနည်း ရှိခဲ့ပြီး စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ လေကြောင်း တိုက်ခိုက်ခံရမှု ၁၂ ကြိမ်ထက်မနည်း ရှိခဲ့ပြီး အများဆုံးဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှု‌များကြောင့် အရပ်သားသေဆုံးမှု ၃၇ ဦးထက်မနည်းရှိခဲ့ပြီး ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ်၊ အနန့်ပါ ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ အရပ်သားတွေ အပါအဝင် သေဆုံးသူ ၇၀ ဦးထက်မနည်း ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

ISP Myanmar ရဲ့ တိုက်ပွဲဖြစ်ပွားမှု အရေအတွက်နဲ့ လေကြောင်းတိုက်ခိုက်ခံရမှု၊ ထိခိုက်သေဆုံးမှု အရေအတွက်များဟာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အပေါ် မူတည်ပြီး လက်လှမ်းမီသလောက် စုစည်းထားတာဖြစ်တဲ့အတွက် တကယ် လက်တွေ့မြေပြင်မှာ အခုထက် ပိုမို‌များပြားနိုင်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိင်းရေးမှူးရုံး (UN OCHA Myanmar) ရဲ့ အောက်တိုဘာ ၂၄ ရက်နေ့အထိ နောက်ဆုံးစာရင်းတွေအရ စစ်တပ်အာဏာသိမ်းနောက် ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့်  မြန်မာနိုင်ငံတဝန်းမှာ လူဦးရေ ၁ ဒသမ ၁ သန်းကျော်ဟာ နေရပ် စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013