DVB Logo
Home
မြန်မာသတင်း
‘အမေစု’ဟု ခေါ်ဆိုခဲ့သည့် သတင်းထောက်နှင့် အန်စီအေကိစ္စမေးသည့် သတင်းထောက် ဖမ်းဆီးခံရ
DVB
·
November 23, 2022
‘အမေစု’ဟု ခေါ်ဆိုခဲ့သည့် သတင်းထောက်နှင့် အန်စီအေကိစ္စမေးသည့် သတင်းထောက် ဖမ်းဆီးခံရ
Donate to DVB

စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းဌာန နှစ်ခုဖြစ်တဲ့ NHP သတင်းဌာနနဲ့  ဒဲ့ပြောသတင်းဌာနတို့ရဲ့ သတင်းထောက် ၂ ယောက်ကို  စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖမ်းဆီးခဲ့တယ်လို့ နေပြည်တော် သတင်းထောက်အသိုင်းအဝိုင်းက သိရပါတယ်။

နေပြည်တော်မှာ နိုဝင်ဘာလ ၁၈ ရက်က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ နောက်ပိုင်းဖမ်းဆီးခံခဲ့ရတာလို့ နေပြည်တော်အခြေစိုက် သတင်းသမားတစ်ဦးက ပြောပါတယ်။

"NHP သတင်းဌာနက သတင်းထောက်က အမေစု ဆိုတဲ့ စကားလုံးသုံးလို့၊ ဒဲ့ပြောသတင်းဌာနက NCA ပျက်သွားပြီ ဆိုလားဆိုတဲ့ မေးခွန်းမေးလို့  ဗိုလ်ချုပ်ဇော်မင်းထွန်းက တင်းပြီးဖမ်းခိုင်းတာ။”

ပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ NHP သတင်းဌာနက သတင်းထောက်ဝင်းဦးဟာ အမေစုကို ပြန်လွှတ်ပေးဖို့မေးမြန်းခဲ့ဖြစ်ပါတယ်။

ဒဲ့ပြောသတင်းဌာနရဲ့ သတင်းထောက်ဇော်မင်းဦးကတော့ လွှတ်တော်မရှိဘဲနဲ့ စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းမလုပ်နိုင်တဲ့အတွက် KNUနဲ့ စစ်တပ်ကြားမှာ NCA လမ်းကြောင်း ပျက်သွားပြီလား စတဲ့မေးခွန်းတွေကြောင့် ဖမ်းဆီးခံရတာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲကို တက်ခဲ့တဲ့ သတင်းထောက်တစ်ဦးက ပြောပါတယ်။

"နှစ်ဦးစလုံးကို ဖမ်းပြီး နေပြည်တော်အချုပ်ထောင်မှာ စစ်နေတယ် ၁၉ ရက်နေ့ နေပြည်တော်ကအပြန်ဖမ်းတာ။ အခုတော့ ပြန်လွှတ်လိုက်ပြီလားမသိဘူး စုံစမ်းလို့မရဘူး။”

ဖမ်းဆီးခံရတဲ့သတင်းထောက်နှစ်ဦးကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမယ့်လည်း ဆက်သွယ်လို့ မရသေးပါဘူး။

စစ်ကောင်စီက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ တက်ရောက်သတင်းယူနေတဲ့ သတင်းဌာနတွေအနေနဲ့ စစ်တပ်အလိုကျမေးခွန်းတွေသာ ကြိုတင်ဇာတ်တိုက် မေးမြန်းရပြီး အတိုက်အခံမေးခွန်းတွေ မေးခွင့်မရှိကြောင်း တက်ရောက်သတင်းယူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013