DVB Logo
Home
မြန်မာသတင်း
အမေရိကန်တွင် မသောက်မိသော မိုးခါးရေ ပြသ၊ ရန်ပုံငွေ ကန်ဒေါ်လာ ၁၇,၀၀၀ ကျော်ရရှိ
DVB
·
November 22, 2022
အမေရိကန်တွင် မသောက်မိသော မိုးခါးရေ ပြသ၊ ရန်ပုံငွေ ကန်ဒေါ်လာ ၁၇,၀၀၀ ကျော်ရရှိ
1 / 6
Donate to DVB

အမေရိကန်နိုင်ငံ၊ Jacksonville မြို့ Ramallah-American Club မှာ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားတဲ့ “မသောက်မိသော မိုးခါးရေ” (The Road Not Taken) ရုပ်ရှင်ပြသခဲ့ရာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၇,၀၀၀ ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။

“မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတိုကို Jacksonville Myanmar Association အဖွဲ့က ဦးဆောင်ပြီး  နိုဝင်ဘာ ၂၀ ရက် ညနေ ၅ နာရီကနေ ည ၈ နာရီအထိပြသရာ ရုံပြည့်ရုံလျှံ အားပေးခဲ့ကြပါတယ်။

ပန်ဆယ်လိုနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့လည်း ဖလော်ရီဒါ မြန်မာမိသားစုနဲ့ Zoom မှတဆင့် နွေးထွေးစွာ တွေ့ထိဆွေးနွေးကြပါတယ်။

ရုပ်ရှင်ပြသမှုကို Jacksonville မြို့နဲ့ အနီးတဝိုက်မှာ နေထိုင်ကြတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားမိသားစုတွေနဲ့ အမေရိကန်မိတ်ဆွေမိသားစုတွေ လူဦးရေ ၂၀၀ ကျော် တခဲနက် တက်ရောက် အားပေးကြည့်ရှုခဲ့ကြပါတယ်။

ရုပ်ရှင်ပြပွဲမှာ ရန်ပုံငွေ တီရှပ်တွေအပြင် ရန်ပုံငွေ အစားသောက်စျေးရောင်းပွဲကိုပါ ပူးတွဲပြီး ရန်ပုံငွေ မြှင့်တင်နိုင်ခဲ့ပါတယ်။

ရရှိထားတဲ့ ရန်ပုံငွေအလှူငွေတွေကို မြန်မာနိုင်ငံအနှံ့ အရေးပေါ်လိုအပ်နေတဲ့ နေရာတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကတဆင့် ညှိနှိုင်းပြီး အမြန်ဆုံး‌ ပေးအပ်လှူဒါန်းသွားမယ်လို့ သိရပါတယ်။

“မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတိုကို ဒါရိုက်တာကိုပေါက်က တောတွင်းတနေရာမှာ ဖုန်းကင်မရာအသုံးပြုပြီး CDM စစ်ဗိုလ်တဦးရဲ့ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013