DVB Logo
Home
မြန်မာသတင်း
ဩစတြေးလျ ANZ ဘဏ် မြန်မာပြည်မှ ထွက်ခွာမည်
DVB
·
November 22, 2022
ဩစတြေးလျ ANZ ဘဏ် မြန်မာပြည်မှ ထွက်ခွာမည်
Donate to DVB

ဩစတြေးလျနိုင်ငံ အခြေစိုက် ANZ ဘဏ်ဟာ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ရှုပ်ထွေးမှုတွေကြောင့် မြန်မာနိုင်ငံကနေ လာမယ့်နှစ်ထဲမှာ ထွက်ခွာတော့မယ်လို့ ကြေညာပါတယ်။

ANZ ဘဏ်ရဲ့ အပြည်ပြည်ဆိုင်ရာ အုပ်ချုပ်မှုဒါရိုက်တာ ဆိုင်မွန် အိုင်ယာလန်က “ခုလိုဆုံးဖြတ်ချက်ထဲမှာ ဒေသတွင်း လုပ်ငန်းလည်ပတ်မှု အခြေအနေတွေကို ဂရုတစိုက် ထည့်သွင်းစဉ်းစားသွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ နိုင်ငံတကာကွန်ရက်နဲ့ ဒေသတွင်း ဖောက်သည်တွေရဲ့ ကုန်သွယ်မှုနဲ့ အရင်းအနှီးစီးဆင်းမှုကို ပံ့ပိုးပေးခြင်းက ကျနော်တို့ မဟာဗျူဟာရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး ရေရှည်အတွက် ဆက် လက်တည်ရှိနေပါလိမ့်မယ်” လို့ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းပြောကြားထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ပိုင် အင်းဝဘဏ်နဲ့ ငွေကြေးလွှဲပြောင်းတာ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့တဲ့ထဲမှာ ANZ ဘဏ်လည်း ပါဝင်နေတယ်လို့ သတင်းထောက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Distributed Denial of Secrets က ပေါက်ကြားလာတဲ့ အချက်အလက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီမှတ်တမ်းဖိုင်ထဲမှာ ငွေလွှဲမှတ်တမ်းပေါင်း ၂၀,၀၀၀ နီးပါး ပါဝင်ပြီး ဩစတြေးလျနိုင်ငံ အခြေစိုက် ANZ ဘဏ်၊ စင်ကာပူနိုင်ငံအခြေစိုက် UOB ဘဏ်တို့ဟာ အင်းဝဘဏ်နဲ့ ငွေလွှဲခဲ့ကြတာကို ဖော်ပြထားပါတယ်။ ဒါ့အပြင် မှတ်တမ်းဖိုင်တွေအရ နော်ဝေးနိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ ရိုးမဘဏ်လည်း ပါဝင်ပတ်သက်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ANZ ဘဏ်ဟာ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက စတင်ပြီးတော့ မြန်မာနိုင်ငံမှာ လုပ်ငန်းစတင်ခဲ့တာဖြစ်ပြီး ခုလိုစစ်ကောင်စီနဲ့ ဆက်နွှယ်ပတ်သက်နေတဲ့ ANZ ဘဏ်အပါအဝင် အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ပြန်လည်သုံးသပ်ဖို့နဲ့ စစ်ကောင်စီကို ဖိအားပေးဖို့လည်း တောင်းဆိုခံထားရတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013