DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းနှင့်ရှမ်းမြောက်ပိုင်း ၉ ရက်တာတိုက်ပွဲအတွင်း စစ်တပ် ၃၇ ဦး၊ MDY.PDF ၁ ဦး ကျဆုံး
DVB
·
November 20, 2022
မန္တလေးတိုင်းနှင့်ရှမ်းမြောက်ပိုင်း ၉ ရက်တာတိုက်ပွဲအတွင်း စစ်တပ် ၃၇ ဦး၊ MDY.PDF ၁ ဦး ကျဆုံး
Donate to DVB

မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနယ်စပ်မှာ နို၀င်ဘာ ၈ ရက်ကနေ ၁၆ ရက်နေ့ထိ တိုက်ပွဲ ၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၃၇ ဦးနဲ့ MDY.PDF ဘက်က ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ MDY.PDFက နို၀င်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ် (မန္တလေး) တွေ လုံခြုံရေးယူထားတဲ့နေရာကို နို၀င်ဘာ ၈ က စစ်ကောင်စီတပ် ခလရ ၂၅၃နဲ့ ခမရ ၅၀၅ ပူးပေါင်းစစ်ကြောင်း ဝင်ရောက်လာတာကြောင့် စတင် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

နို၀င်ဘာ ၈ ရက် စတင်ဖြစ်ပွားတဲ့တိုက်ပွဲဟာ ပထမအကြိမ် မိနစ် ၃၀ လောက်ကြာမြင့်ခဲ့ပြီး ဒုတိယအကြိမ်မှာတော့ ၁ နာရီ၀န်းကျင် ကြာမြင့်ကာ စစ်ကောင်စီဘက်က ၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နို၀င်ဘာ ၉ ရက်မှာတော့ စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ကျားတက်ထိုးရာမှာMDY.PDF ဘက်ကထောင်ထားတဲ့ မိုင်းကြောင့် စစ်ကောင်စီဘက်ကအယောက် ၂၀ သေဆုံးပြီး MDY.PDFဘက်က ရဲဘော် ဇော်ဝင်းအောင်(ခ)မှန်လေး ကျဆုံးကာ ၄ ဦး အသေးစားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၁၄ ရက်နေ့ မနက်မှတော့ MDY.PDFက ထောင်ထားတဲ့ မိုင်းကွင်းအတွင်း စစ်ကောင်စီစစ်ကြောင်း၀င်ရောက်လာပြီး မိုင်း ၆ လုံးပေါက်ကွဲကာ စစ်ကောင်စီတပ်သား ၁၂ ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နို၀င်ဘာ ၁၆ ရက်နေ့ တိုက်ပွဲမှာတော့ စစ်ကောင်စီတပ် ခမရ ၅၀၁၊ ခမရ ၅၀၂၊ ခမရ ၅၀၅ ပူးပေါင်းစစ်ကြောင်း အင်အား ၂၀၀ ၀န်းကျင်နဲ့ ထပ်မံထိုးစစ်ဆင်လာတာကြောင့် မိုင်း ၃ လုံးဆွဲကာ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ် ထိခိုက်မှုများပြီး MDY.PDFဘက်က ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MDY.PDF) ဟာ ဒီနှစ် မေလပိုင်းက စတင်လို့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေကို စတင်ပစ် မှတ်ထား တိုက်ခိုက်လာတာပါ။

ဒါ့အပြင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်နဲ့ ရှမ်းပြည် နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာလည်း ဇူလိုင်လအတွင်းက စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာမှုတွေရှိနေပြီး ထိတွေ့ပစ်ခတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013