DVB Logo
Home
မြန်မာသတင်း
ပဲခူး-သနပ်ပင်ကားလမ်းပေါ်ရှိ စျေးဆိုင်ခန်းများ မီးလောင်
DVB
·
November 20, 2022
ပဲခူး-သနပ်ပင်ကားလမ်းပေါ်ရှိ  စျေးဆိုင်ခန်းများ မီးလောင်
Donate to DVB

ပဲခူးတိုင်း၊ ပဲခူးမြို့၊ မြို့တွင်းကြီးရပ်ကွက်၊  ပဲခူး-သနပ်ပင် ကားလမ်းမပေါ်ရှိ စျေးဆိုင်ခန်းတွေမှာ နိုဝင်ဘာ ၂၀ ရက် ဒီမနက်အစောပိုင်းက မီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပဲခူး-သနပ်ပင် ကားလမ်းမပေါ်မှာဖွင့်လှစ်ထားတဲ့ စျေးဆိုင်ခန်းတွေထဲက  ဆိုင်ခန်းအမှတ် (၈/၉) ကနေ ဒီနေ့ မနက် ၁ နာရီခွဲလောက်က ရေခဲသေတ္တာ အပူလွန်ကဲရာကနေ မီးစလောင်ခဲ့တယ်လို့ ရပ်ကွက်နေသူ တဦးက ဒီဗွီဘီကို ပြောပါတယ်။

"ဦးမြင့်ဝင်းဆိုင်က စလောင်တာ ရေခဲသေတ္တာ ကွန်ပရက်ဆာ အပူလွန်ပြီးလောင်တာ။ ဆိုင်ခန်း တော်တော်လေး ပါသွားတယ်။”

အဆိုပါ မီးလောင်မှုကို ပဲခူးမြို့နယ်ထဲက မီးသတ်စခန်းတွေက မီးငြိမ်းသတ်ယာဥ်၊ ရေသယ်ယာဥ် ၁၄ စီးနဲ့ မိနစ် ၅၀ ကြာအောင် မီးငြှိမ်းသတ်ခဲ့ရပြီး   မနက် ၂ နာရီ မိနစ် ၂၀ လောက်မှာ မီးငြိမ်းသွားတယ်လို့  မီးသတ်ဦးစီးဌာန တာဝန်ရှိသူ တဦးက ပြောပါတယ်။

"ရေခဲသေတ္တာ အပူလွန်ကဲရာကနေ မီးလောင်တာ အဲဒီကတဆင့် စာရေးကိရိယာဆိုင်ကို မီးကူးပြီး လောင်တာ ဆိုင်ကြီး ငါးဆိုင်လောင်သွားတယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ တွက်နေတုန်းပါ။”

မီးလောင်မှုဖြစ်စဥ်နဲ့ပတ်သတ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ ဆိုင်ရှင်ဦးမြင့်ဝင်းကို ပဲခူးမြို့မ ရဲစခန်း က ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ 

Photo- MFSD

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013