DVB Logo
Home
မြန်မာသတင်း
သဖန်းဆိပ်ဆည်အနီးကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ပြည်သူ ၇၀၀၀ ခန့် ထွက်ပြေး
DVB
·
November 20, 2022
သဖန်းဆိပ်ဆည်အနီးကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ပြည်သူ ၇၀၀၀ ခန့် ထွက်ပြေး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ အင်တိုင်းကျေးရွာဝန်းကျင်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကျေးရွာ ၇ ရွာမှ ဒေသခံပြည်သူ ၇၀၀၀ လောက် ထွက်ပြေး‌တိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းက ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးရှိ ဆင်ဆွယ်ရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့စုစုပေါင်း အင်အား ၃၀၀ လောက်က အင်တိုင်းကျေးရွာပတ်ဝန်းကျင်ရှိ ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက"မနက် ၈ နာရီခွဲလောက်ကတည်းက အင်တိုင်းကျေးရွာအနီးပတ်ဝန်းကျင်က ရွာတွေကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ပါတယ်ဗျ။ ဒေသခံတွေအများပြားလည်း အန္တ‌ရာယ်ဘေးက လွတ်အောင် ထွက်ပြေးခဲ့ရပါတယ်။ ဘေးဘက်တွေကို အကုန်ရမ်းပစ်နေတာ။  တချို့ဆို ဘာဆိုဘာမှ မသယ်နိုင်ဘူး။ လူထိခိုက်မှုအခြေနေတော့ မသိရသေးဘူးဗျ"လို့ ပြောပါတယ်။

လက်နက်ကြီးကျည်တွေဟာ ကျေးရွာတွေဘက်မှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အင်တိုင်၊ ကျွဲတဲ၊ အင်လှ၊ ညောင်ကိုင်း၊ ပေါယော၊ သရက်တစ်ထောင်နဲ့ မြင်သာကျေးရွာများမှ ဒေသခံပြည်သူဦးရေ ၇၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲ့ဒီကျေးရွာတွေထဲက အင်တိုင်း ၊ အင်လှနဲ့ ကျွဲတဲကျေးရွာတွေဟာ စစ်‌အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလပိုင်းက စစ်ကောင်စီတပ်ဖွဲ့မှ အလောင်းဘုရားစစ်ဆင်ရေးအမည်နဲ့ ကျွန်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်စီးနင်းမှုမှာ ပထမဆုံးခံခဲ့ရတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။

လက်ရှိမှာ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးပူးပေါင်းဖွဲ့တွေက စစ်ကြောင်းထိုးတာတွေ ဆက်လက်ပြုလုပ်နေပါတယ်။

နိုဝင်ဘာ ၁၇ ရက်ကလည်း ကျွန်းလှမြို့နယ် တင်းတိန်ရံကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က ကျေးရွာ အန်အယ်လ်ဒီ ဥက္ကဋ္ဌဟောင်း ဦးခင်မောင်စောနဲ့ သားဖြစ်သူရဲ့နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး သေနတ်နဲ့ပစ်ခတ်ကာ ဗုံးဖောက်ခွဲလို့ အသက် ၈၀ ကျော်အဘွားကို  တယောက် နှလုံးသွေးရပ်ပြီး သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013