DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့လယ်တွင် YBS 21 ခရီးသည်တင်ဘတ်စ်ကား ၁ စီး မီးလောင်
DVB
·
November 19, 2022
ရန်ကုန်မြို့လယ်တွင်  YBS 21 ခရီးသည်တင်ဘတ်စ်ကား  ၁ စီး မီးလောင်
Donate to DVB

ရန်ကုန်၊ လသာမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ အနော်ရထာလမ်းနဲ့  ၂၂ လမ်းထိပ်မှာ နိုဝင်ဘာ ၁၉ ရက် ဒီကနေ့ မနက်ပိုင်းက YBS 21 ခရီးသည်တင်ယာဥ် တစ်စီး  မီးလောင်ကျွမ်းခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အနောက်ပိုင်းတက္ကသိုလ်နဲ့ မော်တင်ပြေးဆွဲနေတဲ့  YBS 21 ခရီးသည်တင်ယာဥ်တစ်စီး အနော်ရထာလမ်းမှာ  ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်မှာ မီးလောင်ခဲ့တယ်လို့ ရပ်ကွက် နေသူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။

"ဘာကြောင့်လောင်လဲမသိဘူး။ ကားတစ်စီးလုံးပါသွားတယ်။ ခရီးသည်တွေလည်း ဆင်းပြေးကြတယ်။ ဒဏ်ရာရတဲ့သူတော့မရှိဘူး"လို့ ပြောပါတယ်။

YBS 21 ခရီးသည်တင်ယာဥ်မီးလောင်မှုကို ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဥ်တွေနဲ့ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

"မီးလောင်မှုကို စုံစမ်းတုန်း။ လူတွေတော့ ထိခိုက်မှု မရှိဘူး။ ကားကတော့ အကုန်လုံးလောင်သွားပါတယ်။  စစ်ဆေးနေတုန်းပဲ။” 

စစ်တပ် အာဏာသိမ်းပြီးနောက် YBS 21 ခရီးတင်ယာဥ်လိုင်းမှာ ခရီးသည်တင်ယာဥ်တချို့ မီးလောင်တာ ဗုံးပေါက်တာတွေ မကြာခဏဖြစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013