DVB Logo
Home
မြန်မာသတင်း
စစ်တပ်လေ့ကျင့်ရေးလေယာဥ် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၌ အရေးပေါ် ဆင်းသက်
DVB
·
November 19, 2022
စစ်တပ်လေ့ကျင့်ရေးလေယာဥ် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၌  အရေးပေါ် ဆင်းသက်
Donate to DVB

တနင်္သာရီတိုင်း မြိတ်မြို့ဘက်ကနေ ထားဝယ်ကိုတက်လာတဲ့ စစ်ကောင်စီတပ် လေ့ကျင်ရေး လေယာဥ်တစီး နိုဝင်ဘာ ၁၉ ရက် မနက် ၁၀ နာရီလောက်က သရက်ချောင်းမြို့နယ်၊ ကျွဲဇပ်ကျေးရွာနားက လယ်ကွင်းတခုမှာ အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဟတ်ယာဥ် နှစ်စီး နဲ့ လေ့ကျင့်ရေး လေယာဥ် ၆ စီးလောက်ပါတဲ့ စစ်ကောင်စီလေတပ်အုပ်စုဟာ မြိတ်လေတပ်စခန်းကနေ တက်လာစဥ် လေ့ကျင့်ရေးလေယာဥ် တစီးကတော့ အခုလို အရေးပေါ် ဆင်းသက်ခဲ့ရတာပါ။

ဒေသခံတွေကတော့ အခုလို လေယာဥ်အရေးပေါ်ဆင်းသက်တာဟာ စက်ချို့ယွင်းမှုကြောင့် ဖြစ်နိုင်ပြီး ပေါက်ကွဲသံတချက်လည်း ကြားရတယ်လို့ ပြောပါတယ်။

လေယာဥ်အရေးပေါ် ဆင်းသက်ပြီး မိနစ် ၃၀ လောက်အကြာမှာတော့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် တချို့​ရောက်ရှိလာပြီး ရွာခံတွေကို စစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။

လေယာဥ်အရေးပေါ်ဆင်းသက်ခဲ့ရပေမဲ့ လေယာဥ်ပေါ်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ယောက်ကတော့ ထိခိုက်ဒဏ်ရာရတာမျိုး မတွေ့ရဘူးလို့လည်း ဆိုပါတယ်။

မြိတ်ကနေ တက်လာတဲ့ အဲဒီလေတပ်အုပ်စုပါ တခြားလေ့ကျင့်ရေးလေယာဥ် ၅ စီးကတော့ မနက် ၁၁ နာရီလောက်မှာ ထားဝယ်လေယာဥ်ကွင်းကို ရောက်ရှိလာပြီး ရပ်နားထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013