DVB Logo
Home
မြန်မာသတင်း
မြင်းမူမြို့ပေါ် လေဆာကျောင်းဝင်းအတွင်းက စစ်ကောင်စီ ကင်းအဖွဲ့ လက်ပစ်ဗုံးဖြင့် အပစ်ခံရ
DVB
·
November 18, 2022
မြင်းမူမြို့ပေါ် လေဆာကျောင်းဝင်းအတွင်းက စစ်ကောင်စီ ကင်းအဖွဲ့ လက်ပစ်ဗုံးဖြင့် အပစ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မြင်းမူက လေဆာကျောင်းဝင်းအတွင်းက စစ်ကောင်စီလုံခြုံရေးကင်း နိုဝင်ဘာ ၁၈ ရက်နေ့ ည ၇ နာရီကျော်လောက် လက်ပစ်ဗုံးနဲ့ အပစ်ခံရတယ်လို့ ‌မြင်းမူဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်ကောင်စီလုံခြုံရေးကင်မှာ စစ်သားနဲ့ ရဲ ပုံမှန် ၆ ဦး ကင်းစောင့်လေ့ရှိတယ်လို့ ဆိုပါတယ်။

“ပေါက်ကွဲသံက ကျယ်တယ်ဗျ။ အလိုလို သူတို့ဘက်ကပစ်တဲ့အသံမျိုး မဟုတ်ဘူးဗျ။ မြေပါတုန်သွားတယ်။‌ ဘာတွေဖြစ်မလဲတော့ မသိဘူး။ ပေါက်ကွဲအသံကတော့ လေဆာကျောင်းဝင်းထဲက အသံပဲ” လို့ ဒေသခံပြည်သူတဦးက ပြောပါတယ်။

မြင်မူမြို့ပေါ် စစ်ကောင်စီဂိတ်နဲ့ လုံခြုံရေးကင်းတွေကို ပြည်သူကာကွယ်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်တာတွေ အကြိမ်ကြိမ် ပြုလုပ်ခံနေရပါတယ်။ 

နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ်စောင့် စစ်ကောင်စီတွေ လက်ပစ်ဗုံးနဲ့ ဝင်ရောက်ပစ်ခတ်ခံရလို့ သေဆုံးခဲ့တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အရက်သောက်နေတဲ့ စခ ၆ ကောင်ကို သံပရာသီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့တာ ဟုတ်ပါတယ်ဗျ။ ကျနော်‌တို့ ပစ်လို စခ ၄ ကောင်ကတော့ နေရာတင် သေတယ်ဗျ။ ၂ ကောင်ကတော့ ဆေးရုံကို နာရေးကားနဲ့ သယ်သွားကြတယ်လို့ သတင်းအတိကျရထားတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူး” လို့  Zero ပြောက်ကျားတပ်ဖွဲ့က ကိုသက်ကြီးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတာနဲ့ပတ်သက်ပြီး DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အခုလို ပစ်ခတ်တိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ၊ True Fighter အဖွဲ့တို့‌ ပူပေါင်းပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013