DVB Logo
Home
Lead Story
အနာဂတ်မရှိတော့တဲ့ ဖက်ဆစ်တပ်နဲ့ ကြမ္မာရဟတ်ပိတော့မယ့် ဖက်ဆစ်ကပ်ပါးများ
DVB
·
November 15, 2022
အနာဂတ်မရှိတော့တဲ့ ဖက်ဆစ်တပ်နဲ့ ကြမ္မာရဟတ်ပိတော့မယ့် ဖက်ဆစ်ကပ်ပါးများ
Donate to DVB

လောကမှာ လူပုဂ္ဂိုလ်တဦးဖြစ်ဖြစ်၊ အဖွဲ့အစည်းတရပ်ဖြစ်ဖြစ် ယုံကြည်စရာအနာဂတ် မရှိတော့ဘူးဆိုရင် ပျက်စီးတတ်သလို နိုင်ငံတနိုင်ငံရဲ့ စစ်တပ်ဟာလည်း ဆက်ခံမယ့် လူငယ်မျိုးဆက်တွေကို ရက်ရက်စက်စက် သတ်ဖြတ်လာခဲ့ရင် ယုံကြည်မှုပျက်သုဉ်းသွားတဲ့ တိုင်းသူပြည်သားအားလုံးရဲ့ ဝိုင်းဝန်း‌ချေမှုန်းတာခံရလို့ အနာဂတ်မရှိတော့ဘဲ ပြိုကျပျက်စီး အဆုံးသတ်ရမှာဖြစ်တယ်။

နိုင်ငံတနိုင်ငံရဲ့ ကံကြမ္မာကို ထုဆစ်မယ့်သူ‌တွေဟာ မျိုးဆက်သစ်လူငယ်တွေ ဖြစ်တယ်။ တိုင်းပြည်အညွန့်အဖူး၊ အနာဂတ်နိုင်ငံကို စီမံကြမယ့် လူငယ်လူရွယ်တွေကို ရန်ရှာသတ်ဖြတ်နေတဲ့ စစ်တပ်ဟာ သူတို့အနာဂတ် ပျောက်ဆုံးသွားပြီဆိုတာ ဗာလာနံ စစ်လူမိုက်တွေ သိကြဟန်မတူပါဘူး။

တကယ်တော့ သမ္မတရူးမအလထံ ကိုယ်ကျိုးစီးပွားနဲ့ အခွင့်ထူးခံခွင့်အတွက် သစ္စာခံပြီး ပြည်သူအပေါ် ရက်စက်ယုတ်မာနေတဲ့ ဖက်ဆစ်အကြမ်းဖက်တပ်ဟာ အောက်ပါ အသင်းအဖွဲ့ပျက်ကြောင်း အင်္ဂါငါးပါးနဲ့ ပျက်စီးကြောင်း တရား ၃-ပါးစလုံးနဲ့ ကိုက်ညီနေတာကြောင့် ပျက်စီးပြိုလဲနေပြီလို့ သေချာပေါက် ပြောနိုင်ပါတယ်။

♦️ အသင်းအဖွဲ့ပျက်ကြောင်း အင်္ဂါ (၅) ပါး

(က) ပေးဝန်မကျေ၊ (ခ) ဖိတ်ခေါ်မလာ၊ (ဂ) ပြောစကားမနာ၊ (ဃ) ကွယ်ရာတင်းပြော၊ (င) သဘောငွေမပြေ ဤငါးထွေ။

♦️ အသင်းအဖွဲ့ ပျက်စီးကြောင်း တရား ၃-ပါး

(၁) ဗဟုနေတ္တာရ- လမ်းပြနည်းညွှန် အမွန်ဦးစီး အကြီးအမှူးလုပ်လိုသူတို့ ပေါများခြင်း၊

(၂) သဗ္ဗ ပဏ္ဍိတမာနီ- သင်းသားအားလုံး ကိုယ့်ကိုယ်ကို ပညာရှိဟုသာ ထင်မှတ်လျက် ဘဝင်မြင့်နေကြခြင်း၊

(၃) ဗဟု မဟိစ္ဆာ- ရာထူးမက်မောသူတွေ ပေါများနေခြင်း။

(က) ပေးဝန်မကျေ - 

အကြမ်းဖက်တပ်သား ရဲသားတွေဟာ သူတို့ရဲ့ မူရင်းတာဝန်တွေဖြစ်တဲ့ တိုင်းပြည်ကာကွယ်ရေး တာဝန်နဲ့ ဥပဒေစိုးမိုးအောင် ထိန်းသိမ်းဆောင်ရွက်ရေး တာဝန်တွေကို မဆောင်ရွက်ကြတော့ဘဲ စစ်ဗိုလ်စစ်သားက မိုးကျရွှေကိုယ်လုပ်ပြီး အုပ်ချုပ်ရေးနေရာတွေ ဝင်လု၊ စီးပွားရေးလုပ်၊ ပြည်သူပိုင်ဘဏ္ဍာတွေခိုးဝှက် ချမ်းသာကြီးပွားအောင် လုပ်နေကြသလို၊ ရဲအုပ်ရဲသားကလည်း ရာဇဝတ်သားတွေနဲ့ပေါင်းပြီး လူကောင်းသူကောင်းတွေကို ဒုက္ခပေး၊ တံစိုးလက်ဆောင်ယူပြီး တရားဥပဒေကို ချိုးဖောက်နေကြတော့ သူတို့ရဲ့ မူရင်းတာဝန်တွေ မကျေတဲ့အပြင် ဖောက်ပြန်ဆိုးသွမ်းလာခဲ့ကြတာ မဟုတ်လား။

(ခ) ဖိတ်ခေါ်မလာ

ပြည်သူတွေရဲ့ခုခံစစ်‌ကြောင့် နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ တိုက်ပွဲများမှာ အကြမ်းဖက်တပ်ဟာ စစ်ဗိုလ်စစ်သား သောင်းဂဏန်းချီတဲ့ အကျအဆုံးတွေကြောင့် ဆုတ်ယုတ်လာတဲ့ စစ်အင်အားဖြည့်ဖို့ တပ်သားသစ်‌တွေဝင်လာဖို့ ဖိတ်ခေါ်၊ ပင်စင်ယူသွားတဲ့ စစ်မှုထမ်းဟောင်းတွေကို စစ်မှုပြန်ထမ်းဖို့ ဖိတ်ခေါ်နေခဲ့ပေမဲ့ အများစုက မလာရောက်တော့သလို စစ်ဗိုလ်ယုတ်တွေခေါ်နေတဲ့ ဟန်ပြငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အကြိမ်ကြိမ် ဖိတ်‌ခေါ်ခဲ့ပေမဲ့ စစ်မှန်တဲ့ တော်လှန်ရေးအင်အားစုတွေက မလာကြတော့ပါဘူး။

(ဂ) ပြောစကားမနာ

အမှန်နဲ့အမှား၊ တရားမှုနဲ့ မတရားမှုကို ခွဲခြားတတ်တဲ့ ပြည်သူ့ဘက်သား ပြည်သူ့စစ်သား‌တွေဟာ ရက်စက်ကြမ်းကြုတ်ပြီး ကိုယ်ကျိုးရှာ အာဏာရှင်တွေရဲ့ အမိန့်စကားကို ဖီဆန်လာကြပြီး ပြည်သူလူထုဘက် ကူးပြောင်းပြီး CDM လုပ်တဲ့သူကလုပ်၊ အလင်းဝင်သူကဝင်၊ စစ်မတိုက်ချင်‌တော့ဘဲ လက်နက်အလွယ်တကူချသူက ချလာကြတာ ထောင်ကြီးဂဏန်းရှိလာပြီ ဖြစ်ပါတယ်။

(ဃ) ကွယ်ရာတင်းပြော

ပြည်သူလူထုကို ကာကွယ်ရမယ့်အစား သူတို့အာဏာတည်မြဲရေးနဲ့ မတရားသဖြင့် ရယူထားတဲ့ စည်းစိမ်ဥစ္စာ‌တွေကို ကာကွယ်ဖို့ ရာထူးငယ်တဲ့ စစ်ဗိုလ်စစ်သားအသက်တွေကို စတေးပြီး သွေးချောင်းစီးစေလို့ လူသတ်စစ်ပွဲတွေ ဆင်နွှဲနေကြတဲ့ စစ်ဗိုလ်ချုပ် လူယုတ်မာတွေကြောင့် တပ်တွင်းညီညွတ်မှုတွေ ပြိုကွဲပြီး စစ်တပ်အတွင်းမှာ၊ အိမ်ထောင်သည်လိုင်းမှာ အာဏာရူး စစ်ခေါင်းဆောင်တွေရဲ့ ယုတ်ညံ့မှု၊ မတရားမှု၊ မလုပ်သင့်မလုပ်ထိုက်တဲ့ ပြည်သူအပေါ် ရက်စက်မှုတွေကို ပြောဆိုနေကြပြီ ဖြစ်ပါတယ်။

ဖရဲသီးလို့ တင်စားကြတဲ့ စစ်အကြမ်းဖက်ကောင်စီကို မကြိုက်မနှစ်သက်တဲ့ လက်ရှိ တပ်တွင်းက စစ်ဗိုလ်စစ်သားတွေကလည်း ပြည်သူ့ခုခံစစ်အတွက် သတင်းအချက်အလက် တွေကို တော်လှန်ရေးအင်အားစုတွေထံ အချိန်နဲ့တပြေးညီ ပို့ပေးနေကြတာ ဖြစ်ပါတယ်။

(င) သဘောငွေ မပြေ

ပြည်သူလူထုရဲ့ ဘုံရန်သူဖြစ်သွားတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ပြည်တွင်းပြည်ပက ဝင်ငွေရရာရကြောင်းတွေ ပိတ်ဆို့ဖြတ်တောက်ခံရတာမို့ ဘတ်ဂျက်ချည့်နဲ့လာပြီး ငွေကြေးမပြေလည်မှုတွေ ရှိနေပြီဖြစ်ပါတယ်။ တပ်တွင်းလစာတွေ ထိန်းချုပ်ထားရတာ၊ ဦးပိုင်အစုရှယ်ရာ အမြတ်အစွန်းတွေကို မပေးနိုင်တော့တာတွေကြောင့် စစ်ဗိုလ်စစ်သားတွေရဲ့ မကြေလည်မှုဟာ တစတစ ကြီးထွားလာနေပြီ ဖြစ်ပါတယ်။

အထက်မှာ‌ရေးခဲ့တဲ့ အချက်အလက်တွေ ညွှန်ပြနေတာက သူတို့ရှင်သန်မှုအတွက် ယုတ်မာရက်စက်မှု ကမ်းကုန်အောင် သန်းချီတဲ့ စစ်ရာဇဝတ်မှုတွေ ကိုယ့်ပြည်သူအပေါ် ကျူးလွန်နေတဲ့ စစ်ဓားပြတပ်ဟာ အနာဂတ်မရှိတော့တဲ့ နိဂုံးနဲ့ အဆုံးသတ်ခဲ့ပြီဖြစ်သလို စစ်ကျွန်ဘီလူးသဘက် ဖက်ဆစ်ကပ်ပါးတွေဟာ ဘယ်သူမပြု မိမိမှုဆိုသလို သူတို့ပြုတဲ့ အကုသိုလ်ပြစ်မှု ကုဋေကုဋာရဲ့ ကြမ္မာရဟတ်ကြီးရဲ့ ဖိကြိတ်နင်းချေမှုကို ဆင်းရဲဒုက္ခကြီးစွာ ခံရတော့မှာဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013