DVB Logo
Home
မြန်မာသတင်း
NUG အစိုးရ ကြားကာလ ဖက်ဒရယ်သူနာပြုနှင့် သားဖွား​ကောင်စီက သူနာပြုနှင့်သားဖွားလိုင်စင် များ​ထုတ်​ပေး​
DVB
·
November 14, 2022
NUG အစိုးရ ကြားကာလ ဖက်ဒရယ်သူနာပြုနှင့် သားဖွား​ကောင်စီက သူနာပြုနှင့်သားဖွားလိုင်စင် များ​ထုတ်​ပေး​
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကြားကာလ ဖက်ဒရယ်သူနာပြုနှင့် သားဖွား​ကောင်စီဆီ လိုင်စင်လျှောက်ထားလာတဲ့ သူနာပြုနဲ့ သားဖွားတွေအတွက် လိုင်စင်တွေ ထုတ်​ပေး​နေပြီဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီကိုတော့ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၅ ခုက သူနာပြုနဲ့ သားဖွားကိုယ်စားလှယ်တွေ ပါဝင်နေတာ ဖြစ်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ဖြစ်ပေါ်စေဖို့ တည်ဆောက်နေဆဲကြားကာလမှာ ဓမ္မဘက်ကနေ ရပ်တည်‌နေကြတဲ့ မြန်မာနိုင်ငံသူနာပြုနဲ့သားဖွားတွေအတွက် လိုင်စင်ကိစ္စရပ်တွေအပါအဝင် သူနာပြု၊ သားဖွားရေးရာ ကိစ္စရပ်တွေကို တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေးနိုင်ဖို့နဲ့ ဖက်ဒရယ် ကျန်းမာရေးပညာရှင်များကောင်စီရဲ့ လမ်းညွှန်ချက်တွေအတိုင်း ဆောင်ရွက်ပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်း ၁ နှစ်ခွဲကျော် ကာလအတွင်း တိုင်းပြည်မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။

NUG အစိုးရကတော့ အကြမ်းဖက်ဖိနှိပ်နေတဲ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ လက်ကိုင်တုတ်တွေအဖြစ် ပြောင်ပြောင်တင်းတင်း ရပ်တည်ဆောင်ရွက်နေကြတဲ့ မြန်မာနိုင်ငံဆေးကောင်စီအပါအဝင် ဆေးနှင့်‌ဆေးနှီးနွယ်ဆိုင်ရာကောင်စီတွေနဲ့ ပတ်သက်ပြီး ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပြီး အဆိုပါ ကောင်စီတွေကို တာဝန်ယူ ထိန်းကြောင်းဆောင်ရွက်နေတဲ့ နာယကတွေ၊ ဥက္ကဋ္ဌတွေ၊ အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ ဗဟိုကော်မတီဝင်တွေ၊ သက်ဆိုင်ရာ ဆက်စပ်ကော်မတီဝင်တွေအားလုံးရဲ့ လက်ရှိသက်တမ်းကို ဖျက်သိမ်းပြီး တာဝန်ကနေ ရပ်ဆိုင်းကြောင်း ကြေညာထားပါတယ်။

အကြမ်းဖက် စစ်ကောင်စီကတော့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ဦးဆောင် ပါဝင်ခဲ့ကြတဲ့ ဆေးလောကသားတွေအပါအဝင် စစ်အာဏာရှင်ဆန့်ကျင်သူ ပြည်သူတွေပါမကျန် ခုချိန်ထိတိုင် ပစ်ခတ်သတ်ဖြတ်နှိမ်နင်းတာတွေ ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေ ကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၂,၄၅၀ ကျော်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၁၇၉ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013