DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ လ.ဝ.က ဝန်ထမ်း‌များက မှတ်ပုံတင်လုပ်သူများထံမှ အတင်းအကျပ် ငွေတောင်းခံနေ
DVB
·
November 14, 2022
ကလေးမြို့ လ.ဝ.က ဝန်ထမ်း‌များက မှတ်ပုံတင်လုပ်သူများထံမှ အတင်းအကျပ် ငွေတောင်းခံနေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဝန်ထမ်းတွေဟာ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) လာလုပ်ဆောင်သူတွေထံက ငွေကြေးတောင်းခံကာ လာဘ်စားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လဝကရုံးက ဝန်ထမ်းတွေဟာ အသက်ပြည့် မှတ်ပုံတင်လဲလှယ်တဲ့ ဒေသခံတဦးကို ရန်ပုံငွေလို့အကြောင်းပြီး   ငွေကျပ်အနည်းဆုံး ၂၀,၀၀၀ ကျပ် တောင်းခံခဲ့တယ်လို့ မှတ်ပုံတင် သွားလုပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မှတ်ပုံတင်လုပ်‌မှာဆိုရင် အနည်းဆုံး တလကတော့ စောင့်ရတယ်။ ပိုက်ဆံပေးပြီး လုပ်ခိုင်းရင်တော့ ၃ ရက်အတွင်း ရတယ်။ ပိုက်ဆံအနည်းအများ‌အပေါ် မူတည်တာပေါ့။ တချို့တွေကလည်း ပွဲစားနဲ့လုပ်ကြတယ်။ ပွဲစားခကတော့ များများပေးရတယ်။ ပွဲစားက လဝက က ဝန်ထမ်းနဲ့ အချိတ်အဆက်ရှိတယ်လေ။ သူတို့အချင်းချင်းပြောပြီး အမြန်လုပ်ပေးတယ်။ ရိုးရိုး တန်းစီစောင့်ပြီး လုပ်‌တဲ့သူဆိုရင် အကြာကြီးနေမှရတယ်။‌ ထောက်ခံကြေး၊ မှတ်တမ်းထုတ်ကြေး၊ စာရွက်စာတမ်းဖိုးကို အများကြီးကုန်တယ်။ ပြီးရင် ရပြီးလို့ ပေးတဲ့အခါဆိုရင်လည်း ရန်ပုံငွေထည့်ရမယ်ဆိုပြီး ၂၀,၀၀၀ ကျပ်တောင်းတယ်။”

ဇူလိုင် ၂၅ ရက်ကလည်း ကလေးမြို့ လဝကရုံးက လက်ထောက်မြို့နယ်ဦးစီးမှူးအိမ်ကို ကလေး PDF အဖွဲ့က သတိပေးတဲ့အနေနဲ့ လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။

“ရုံးအဝင်ဝမှာဆိုရင်လည်း ဂိတ်စောင့်တဲ့ဝန်ထမ်းတွေက အလှူခံ‌တာတွေလည်း ရှိတယ်။ ကြိမ်းမောင်းတာတွေလည်း ရှိတယ်။ ရုံးထဲဝင်ဖို့ အပြင်မှာ တန်းစီပြီး အကြာကြီး စောင့်ရတယ်။ ပိုက်ဆံပေးပြီး လုပ်တဲ့သူတွေကတော့ အနည်းဆုံး ၈၀,၀၀၀ လောက် ပေးရတယ်‌လို့ ပြောကြတယ်” လို့ လဝကရုံးကို မှတ်ပုံတင်အသစ် သွားလုပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။

ကလေးမြို့ လဝကရုံးဟာ လာဘ်ပေးလာဘ်ယူမှုနဲ့ နာမည်ကြီးနေတဲ့ ဌာနတခုဖြစ်ပြီး ပြည်သူတွေ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရာမှာ မလိုအပ်ဘဲ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းစေတာ၊ လုပ်ငန်းမြန်ဆန်စွာပြီးစီးဖို့ ငွေကြေးနဲ့လည်းကောင်း၊ ပွဲစားတွေနဲ့သော်လည်းကောင်း ချိတ်ဆက်ရတာတွေကြောင့် မြို့နယ်မှာ ပြည်သူတွေရဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013