DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် မြန်မာလူငယ် ၁ ဦး တံတားပေါ်မှခုန်ချ အဆုံးစီရင်ရန်ကြိုးပမ်း
DVB
·
November 14, 2022
ဘန်ကောက်တွင် မြန်မာလူငယ်  ၁ ဦး တံတားပေါ်မှခုန်ချ အဆုံးစီရင်ရန်ကြိုးပမ်း
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ဟွေ့ခွမ်နယ်မြေ၊ ဖစ်ချ်အူထိုင်းလမ်းပေါ်ရှိ တံတားနားမှာ နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းက အလုပ်ပြုတ်ပြီး  မြန်မာပြည်ပြန်ဖို့ ငွေမရှိဘဲ အခက်ကြုံနေတဲ့  မြန်မာအလုပ်သမား လူငယ် တယောက် တံတားပေါ်ကနေခုန်ချပြီး သူ့ကိုသူ အဆုံးစီရင်ဖို့ကြိုးစားနေတာကို ထိုင်းရဲတွေကယ်တင်ခဲ့တယ်လို့ Policetv.tv သတင်းမှာ ဖော်ပြပါတယ်။

မနေ့ ညနေ ၄ နာရီဝန်းကျင်က ဖစ်ချ်အူထိုင်းလမ်း၊ မန်ယတ်ဒီလမ်းဆုံ၊ ခုံးကျော်တံတားပေါ်မှာ လူတစ်ယောက် ခုန်ချဖို့ပြင်နေကြောင်း အကြောင်းကြားချက်ရတဲ့အတွက် မတ်ဂဆန်နယ်မြေရဲ တပ်ဖွဲ့ ရဲအုပ်ကြီး နရုန်းတေချ် ကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့ပါတယ်။ 

တာဝန်ရှိသူတွေရောက်သွားချိန် အသက် ၃၀ ဝန်းကျင် လူငယ် တယောက်ဟာ တံတားဘောင်ပေါ်တက်ရပ်ပြီး သံတိုင်ကိုကိုင်ထားကြောင်း၊ သံတိုင်က လွှတ်လိုက်တာနဲ့ ပြုတ်ကျဖို့အသင့်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီလူငယ်ဟာ အားတီ အမည်ရှိ မြန်မာအလုပ်သမား တယောက်ဖြစ်ပြီး မကြာသေးခင်က အလုပ်ပြုတ်ခဲ့ကြောင်း၊ မြန်မာပြည်ကို ပြန်လိုပေမဲ့ ပိုက်ဆံမရှိတော့ ကြံရာမရဘဲ မိမိကိုယ်အဆုံးစီရင်ဖို့ လုပ်တာလို့ ဆိုပါတယ်။

သူ့ကိုကြည့်ရတာ အလွန်စိတ်ဖိစီးနေပုံရလို့ ရဲအုပ်ကြီးက အပေါ်ယူနီဖောင်းအင်္ကျီချွတ်ပြီး သူနဲ့ရင်းနှီး မှုယူကာ အဲလိုမလုပ်သင့်ကြောင်း အတန်ကြာချော့မော့ပြောဆိုနေခဲ့ရပါတယ်။ နောက်ဆုံးတော့ ရဲအုပ်ကြီးရဲ့ ချော့မော့မှုအောင်မြင်ပြီး အားတီလည်း တံတားဘောင် ပေါ်ကဆင်းလာက ရဲအုပ်ကြီးကို ထိုင်ရှိခိုးခဲ့ပါတယ်။ 

အားတီကိုကြည့်ရတာ ထိုင်းကိုလိမ်ခေါ်လာတာခံခဲ့ရပြီး ဒီရောက်တော့ အလုပ်မရှိ နေစရာမရှိ စွန့် ပစ်ထားခံရတာနဲ့တူတယ်လို့ ရဲအုပ်ကြီးက ပြောပါတယ်။ 

ရဲအုပ်ကြီးက သူ့ကိုရဲစခန်းခေါ်သွားပြီး နှစ်သိမ့်အားပေးခဲ့ကြောင်း၊ အဲဒီနောက် မြန်မာပြည်ပြန် ပို့ပေးဖို့ လဝကရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ပေးလိုက်တယ်လို့ ဆိုပါတယ်။ 

အားတီမှာ ထိုင်းနိုင်ငံထဲနေထိုင်ခွင့်အထောက်အထားတစုံတရာမရှိတဲ့အတွက် ပြန်မပို့ခင် တရားမဝင် ဝင်ရောက်မှုနဲ့တော့ အရေးယူခံရမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

ကိုးကား - PoliceTv

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013