အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ပေကျင်းမြို့တော်မှာ မဆွေးနွေးခင် တရုတ်သမ္မတ ရှီကျင့်ဖျင်က နှစ်နိုင်ငံဟာ ရန်ဘက်မဟုတ်ဘဲ မိတ်ဖက်တွေဖြစ်ဖို့ တောင်းဆိုလိုက်ပါတယ်။
သမ္မတထရမ့်ပ် ကလည်း ရှီဟာ “မဟာခေါင်းဆောင်ကြီး” ဖြစ်ပြီး စူပါပါဝါ ၂ နိုင်ငံကြား ဆက်ဆံရေးဟာ အရင်ကထက် ပိုကောင်းလာလိမ့်မယ်လို့ မှတ်ချက်ပေးပါတယ်။
ပေကျင်းမြို့တော်က ပြည်သူ့ခန်းမဆောင်ကြီးရှေ့မှာ ရှီက ထရမ့်ပ်ကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပြီး ခေါင်းဆောင် ၂ ယောက်ဟာ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲမှာ အခွန်စည်းကြပ်မှု၊ နည်းပညာပြိုင်ဆိုင်မှုတွေနဲ့အတူ အီရန်စစ်ပွဲနဲ့ ထိုင်ဝမ်အရေးလို ခက်ခဲတဲ့ကိစ္စတွေကို ဆွေးနွေးဖို့ ရှိနေပါတယ်။
ထရမ့်ပ်နဲ့အတူ တက်စလာနဲ့ SpaceX စီအီးအို အီလွန်မတ်စ်ခ်နဲ့ NVIDIA စီအီးအို ဂျန်ဆင်ဟွမ် တို့လို နည်းပညာထိပ်သီးတွေလည်း ပေကျင်းကို လိုက်ပါလာပါတယ်။
အမေရိကန် စက်မှုလုပ်ငန်းတွေအတွက် တရုတ်ဘက်က ဈေးကွက်ဖွင့်ပေးဖို့ တောင်းဆိုမယ်လို့လည်း ထရမ့်ပ်က ပြောထားပါတယ်။ ဒါဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် လာရောက်တာ ဖြစ်ပါတယ်။
မေ ၁၄ ရက် ညနေပိုင်းမှာတော့ ခေါင်းဆောင် ၂ ယောက်ဟာ နိုင်ငံတော်အဆင့် ဂုဏ်ပြုညစာစားပွဲကို တက်ရောက်ဖို့ ရှိနေပါတယ်။
Source: Reuters










